တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ဆယ်လီစုံတွဲဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲကို တောင်ကိုရီးယားနိုင်ငံ သာမက အာရှနိုင်ငံများနှင့် အခြားနိုင်ငံတွေကပါ စိတ်ဝင်တစား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်..။ အခု သူတို့ရဲ့မင်္ဂလာပွဲအစီအစဉ်များနဲ့ ဟန်းနီးမွန်းအစီအစဉ်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။ မကြာခင် ရက်ပိုင်းအတွင်းမှာ လက်ထက်တော့မယ့် သူတို့ရဲ့ မင်္ဂလာာ အစီအစဉ် သတင်းအချက်အလက်တွေ အချို့ဟာ ဒီနေ့ အောက်တိုဘာ(၂၃)ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

ထွက်ရှိလာတဲ့ သတင်းတွေအရတော့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲမှာ MC အဖြစ် အနုပညာရှင် ဆယ်လီတစ်ယောက်တော့ မဟုတ်ပါဘူး..။ ဆောင်းဂျွန်ကီရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူက MC အဖြစ် ပြုလုပ်ပေးသွား ဖြစ်ပါတယ်..။ ဆောင်းဟေဂိုရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် Ock Ju Hyun ကတော့ မင်္ဂလာတေးသီချင်းတွေကို သီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းအစီအစဉ်ကိုတော့ ဥရောပကို ဟန်းနီးမွန်းထွက်မှာ ဖြစ်တယ်လို့သိရပါတယ်..။

မင်္ဂလာဆောင်အပြီး နေထိုင်ဖို့အတွက် အိမ်ကိုကတောာ့ ဆိုးလ်မြို့ရှိ Itaewon မှာ ဖြစ်တယ်လို့ သိရပါတယ်..။ အိမ်သစ်ကိုတော့ ပြန်လည် ပြုပြင် ပြင်ဆင်နေပြီးမှ နေထိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်..။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ လာမယ့် ရက်ပိုင်းအတွင်း အောက်တိုဘာ(၃၁)ရက်နေ့မှာ ဆိုးလ်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ ရှီလာဟိုတယ်မှာ လက်ထက်ပွဲကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်..။ လက်ထက်ပွဲကိုတော့ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ရင်းနှီးတဲ့ အနုပညာရှင်တွေကိုသာ ဖိတ်ကြားထားတယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။