အဝတ်မဝတ်တတ်တဲ့မြိုလူမျိုးအဖွားအိုတွေကိုကူညီခဲ့တဲ့

ဝေဠုကျော်

ထရိန်ကျေးရွာဆိုတာမောင်တောမြောက်ပိုင်းကမြိုတိုင်းရင်း

သားတွေနေတဲ့ကျေးရွာလေးတစ်ခုပေါ့၊ဝေးလံခေါင်သီ

လွန်းလှပြီးလူသူအရောက်အပေါက်နည်းတာကြောင့်

ဖွံဖြို့မှုနှေးကွေးလွန်းတဲ့ရွာလေးတစ်ရွာပေါ့။အဲ့ရွာလေးက

ကမြိုလူမျိုးအဖွားအိုတစ်ချို့ဟာအဝတ်မဝတ်ကြပါဘူးတဲ့။

သဘာဝအတိုင်းနေကြတာပေါ့နော်။အဲ့လိုရွာကလေး

ဆီကိုသွားပြီးကူညီခဲ့သူကပရဟိတမင်းသားဝေဠုကျော်ပါ။

အဝတ်မဝတ်တတ်တဲ့မြိုအမယ်အိုကြီးတွေကိုအဝတ်ဝတ်တတ်

လာအောင်ကိုယ်တိုင်ဝတ်ပြရတယ်။ထမီတွေလည်းဝတ်ပြရပါတယ်တဲ့။အမယ်အိုကြီးတွေကလည်း

ပျော်ပျော်ပါးပါး ဝတ်ကြပါသတဲ့။မင်းသားခမျာမှာလည်း

အထက်ဆင်နဲ့ထမီကြီးတကားကားနဲ့ပေါ့။အဝတ်မဝတ်တတ်တဲ့

အမယ်အိုကြီးတွေကိုအဝတ်ဝတ်တတ်လာအောင်

သင်ပေးခဲ့တဲ့အပြင်ညအခါဝတ်ဖို့စောင်တွေ၊စားစရာ

အစားအသောက်တွေလည်းလှူဒါန်းခဲ့ပါသေးတယ်တဲ့။

မောင်တောဆိုတာလည်းလတ်တလောအခြေအနေတွေအရ

မအေးချမ်းသေးတာကိုဗျ။စိုးရိမ်စရာအခြေအနေတစ်ချို့ရှိနေ

ပေမယ့်လည်းဝေဠုကျော်ဟာထရိန်ရွာလေးဆီ

ခက်ခက်ခဲခဲသွားရောက်ပြီးအားငယ်နေရှာတဲ့မြို

လူမျိုးကလေးလေးတွေကိုအရုပ်တွေပေးခဲ့ပါတယ်။

စားစရာမုန့်တွေရောပေါ့နော်။ထရိန်ရွာလေးကတော့

ဝေဠုကျော်တို့အဖွဲ့ရောက်လာတာပျော်မဆုံးတပြုံးပြံုး

ဖြစ်နေလေရဲ့။သူတို့ခမျာမပြံုးနိုငိတာကြာပြီမဟုတ်လား

source-WLK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။