စားသောက်ကုန်များတွင် ပါဝင်သော အဟာရတန်ဖိုး၊ ပါဝင်ပစ္စည်း နှင့် ကယ်လိုရီပမာဏ တို့ကို ချင့်ချိန်စားသုံး ခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း နှင့် အခြားသောရောဂါများ ဖြစ်ပွားခြင်းမှ လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ အစားအသောက်များ ၏ အဟာရဆိုင်ရာ အချက်အလက်များကို ကုန်ပစ္စည်း ၏ အတွင်းဘက် (သို့) အပြင်ဘက် တွင် ထည့်သွင်းဖော်ပြကြရန် လည်း အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ (FDA) မှလည်း မပါမနေရ ထည့်သွင်းခိုင်းရပါတယ်။

အစားအသောက်များတွင် ပါဝင်သော ညွန်းကိန်းများကို အောက်ပါအတိုင်း အကြမ်းဖျင်း ခွဲခြားနိုင်ပါတယ်

အဟာရ နေ့စဉ်လိုအပ်ချက်၏ %ဖြင့်ပြခြင်း (%DV)

အစားအသောက်ထုတ်ကုန်များ ၏ အဟာရညွန်းကိန်း ပမာဏကို ရာခိုင်နှုန်းဖြင့် ဖော်ပြကြပြီး များသောအားဖြင့် တစ်နေ့တာ လိုအပ်ချက် ၂၀၀၀၀ ကယ်လိုရီကို အခြေခံတွက်ချက်သည်။

ကယ်လိုရီ ဆိုသည်မှာ လူတယောက် နေ့စဉ်လှုပ်ရှား မှုများပြုလုပ်နိုင်ရန် အသုံးချရသော စွမ်းအင် ယူနစ်တခုဖြစ်ပြီး ၎င်းကို ကာဗိုဟိုက်ဒြိုက်(Carbohydrate) ၊ ပရိုတင်း(Protein)၊ သကြား(Sugar) နှင့် အဆီ(Fat) များမှ ရရှိပါတယ်။ ထို့ကြောင့် စားသောက်ကုန် တခုကို စားသောက်ပါက ရရှိမည့် ကယ်လိုရီ ပမာဏကို အညွန်းတွင် ဖတ်ကြည့် သင့်ပါသည်။ ထုတ်ကုန်တွင် ပါဝင်သော ပြည့်ဝဆီ (saturated Oil)၊ ဆိုဒီယမ် (Sodium) ၊ အမျှင်ဓာတ် (Fiber) အစရှိသည်တို့ကိုလည်း ကြည့်ရှု သင့်ပေသည်။

အဆီများမှ ကယ်လိုရီ

ကာဗိုဟိုက်ဒြိုက် နှင့် ပရိုတင်းများထက် အဆီသည် တနေ့တာ လှုပ်ရှားမှုများအတွက် စွမ်းအင် ပိုမို ထုတ်လုပ်ပေးနိုင်ပြီး အစားအသောက်တခု၏ စုစုပေါင်း ကယ်လိုရီပမာဏသည် အဆီမှ လာသည်။ သို့သော် အဆီအများအပြား စားသုံးပြီး ၎င်းတို့ကို လုံလောက်စွာ ချေဖျက် နိုင်ခြင်း မရှိပါက အဝလွန်ခြင်း၊ နှလုံးရောဂါရောဂါ နှင့် အခြား ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ပါတယ်။

အစားအသောက်ပညာရှင်များက အသက် ၁-၃ နှစ်ကလေးများတွင်လည်း အဆီမှရသော ကယ်လိုရီကို ၃၀-၄၀ ရာခိုင်နှုန်း ထိ ရရှိရန်လိုအပ်ပြီး အရွယ်ရောက်ပြီးသူများတွင် အဆီမှရသော ကယ်လိုရီကို ၃၀%ထက် ပိုမစားသင့်ကြောင်း အကြံပြုထားပါတယ်။

(၁) ကောင်းသောအဆီ နှင့် မကောင်းသောအဆီ

နှလုံးရောဂါနှင့် အခြားရောဂါများကို ဖြစ်ပွားစေပြီး မကောင်းသော ကိုလက်စ်ထရောများအား မြင့်တက်စေသည့် ပြည့်ဝဆီကို “မကောင်းသောအဆီ” များဟုခေါ်ပြီး ထောပတ်၊ ဒိန်ခဲ နှင့် အသားများတွင် တွေ့ရှိနိုင်ပါတယ်။ အစေ့အဆံ၊ ဟင်းသီးဟင်းရွက်၊ ခွံမာသီး နှင့် ငါးတို့တွင် ပါဝင် သော အဆီများကို မပြည့်ဝဆီ “ကောင်းသောအဆီများ”ဟုခေါ်သည်။

ကိုလက်စ်ထရော

ဗီတာမင်ဒီနှင့် တစ်ချို့ဟော်မုန်းများ ထုတ်လုပ်ရာတွင် ကိုလက်စ်ထရောသည် အရေးပါသော်လည်း ရှိသင့်သည်ထက် သွေးတွင်း၌ ပမာဏများလာပါက ရောဂါများကိုဖြစ်စေနိုင်ပါသည်။

ဆိုဒီယမ်

အစားအသောက်များတွင် ပါဝင်သော ဆိုဒီယမ်ပမာဏကို သွေးတိုးရောဂါ ရှိသူများက သေချာစွာ ဖတ်ရှု သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဒီယမ်က သွေးပိုတိုးစေနိုင်ပါသည်။

(၂) အလက်ဂျီများရှိမရှိ

စားသောက်ကုန် တခုကို ဝယ်ယူတော့မည်ဆိုလျှင် အဆိုပါ စားသောက်ကုန်၏ ပါဝင်ပစ္စည်းများ ကို သေချာ ဖတ်ရှု ရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ပါဝင်ပစ္စည်းများသည် သင်နှင့် ဓာတ်မတည့်ခြင်း(အလက်ဂျီထခြင်း) များ ဖြစ်စေနိုင်ပါတယ်။ ပါဝင် ပစ္စည်းများကို သေချာစွာ ဖော်ပြထားခြင်းမရှိပါကလည်း အင်တာနက် တွင် ရှာဖွေပြီးမှ ဝယ်ယူ စားသုံးသင့်ပေသည်။ ထို့အပြင် သင်နှင့် ဓာတ်မတည့်သော ပါဝင်ပစ္စည်း၏ အခြားအမည်ကွဲများကို လည်း သိထားသင့်ပြီး ၎င်းပါဝင်ပစ္စည်းကို မိမိ မရင်းနှီးသည့်အမည်ဖြင့် စားသောက်ကုန်တွင် ဖော်ပြ ထားနိုင်သောကြောင့် ဖြစ်သည်။

Source - hellosayarwon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။