အင်္ဂါနေ့ည ၁ နာရီ ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ ဆွမ်ဆီးအသင်းဟာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းဟာ Round 3 မှာ ရီဒင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းကတော့ Round 3 မှာ ဘာတန်အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

ဆွမ်ဆီးအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ာ့ ၃ ပွဲရှုံး ၂ ပွဲနိုင်ရလဒ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။လော်ရန်တေး၊ ဆီဂတ်ဆန် တို့ထွက်ခွာသွားပြီးနောက် ဆွမ်ဆီးအသင်းဟာ ရလဒ်တွေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းကတော့ နိုင်ပွဲတွေဆက်တိုက်ရယူထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ တန်းတတ် ဟက်ဒါဖီးအသင်းကို ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အေဗရာဟင်၊ ရိုတန်လီဂါ၊ ရီနာတိုဆန်းချက်၊ ကလူကတ်၊ ဒိုင်ယာ၊ ကီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ရက်ဖို့စ် ၊မာရှယ်၊ အက်ရှလေယန်း၊ လင်ဂတ်၊ မာတာ၊ ဟာရဲရား တို့ကိုထည့်သွင်းကစားသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်အသင်းနှစ်သင်းဆုံတွေနေတဲ့ လိဂ်ဖလားပြိုင်ပွဲမှာ ရလဒ်တွေဆိုးဝါးနေတဲ့ ဆွမ်ဆီးအသင်းက ဖလားပွဲစဉ်မှာ မထင်မှတ်ထားတာတွေ လုပ်ပြအုံးမလား၊ ဟတ်ဒါဖီးကို ရှုံးနိမ့်ထားတဲ့ မန်ယူအသင်းက အဝေးကွင်းမှာ ပေါက်ကွဲသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။