သူမရဲ ့လက်ရှိချစ်သူဖြစ်သူ Joe Alwyn အကြောင်းကို ပြီးခဲ့တဲ့သောကြာနေ ့ကထွက်ရှိထားသော သူမရဲ ့“Gorgeous”သီချင်းထဲမှာဖွဲ ့နွဲ ့သီဆိုထားတာပါတယ်။သီချင်းတစ်ပုဒ်လုံးဟာအချစ်အကြောင်းစာသားတွေနဲ ့ရေးစပ်ထားတာလည်းဖြစ်ပါတယ်။

\“Ocean blue eyes, looking in mine / I feel like I might sink and drown and die,”

“You’re so gorgeous.”

ပြာလွင်တဲ့သမုဒရာမျက်ဝန်းတွေနဲ ့မင်းငါ့ကိုကြည့်ပါ …. ငါဟာနစ်မြုပ်သေဆုံးသွားသလိုခံစားရသလို

မင်းဟာငါ့အတွက် ခမ်းနားထည်ဝါလွန်းသူပါ…..

ဆိုပြီးဖွဲ ့နွဲ ့သီဆိုထား ပါတယ်။

Taylor နဲ ့ Joe Alwyn တို ့ရဲ ့ဆက်ဆံရေးကအသေအချာတော့ဘယ်သူမှမသိနိုင်တဲ့သာမာန်ဆက်ဆံရေးပါ။ သူတို ့နှစ်ယောက်အလုပ်အတူတူလုပ်ကြတယ်သူငယ်ချင်းမိတ်ဆွေတွေခေါ်ပြီးရုပ်ရှင်အတူကြည့်ကြတယ်။ ဒါ့အပြင်သူမရဲချစ်သူအတွက်ချက်ပြုတ်ပေးရတာကို တေလာကနှစ်သက်နေပါတယ်။  

“Look What You Made Me Do”ရဲ ့တေးသံရှင်တေလာဟာ ယခုချစ်သူ Joe Alwyn နဲ ပြီးခဲ့သောမေလမှာစတင်တွေ ့ဆုံခဲ့တာဖြစ်ပြီး သူနဲ ့မတိုင်ခင်မှာ ၂၀၁၅ခုနှစ် မတ်လကနေ ၂၀၁၆ဇွန်လအထိကို Calvin Harris၊၂၀၁၆ ဇွန်လ ကနေ စက်တင်ဘာလအထိကို Tom Hiddlestonတို ့နှင့်ချစ်သူအဖြစ်လက်တွဲပြတ်ဆဲခဲ့တာလာလည်းဖြစ်ပါတယ်။

Source - justjared

Source - justjared 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။