မင်းသမီးချောလေး မေတိုးခိုင်ကတော့ အိမ်ထောင်ပြုရမှာ ကြောက်သွားတယ်လို့ ဆိုပါတယ်..။ မကြာခင် ရုံတင်ပြသမယ့် “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး သူမအနေနဲ့ အိမ်ထောင်ပြုမှာကို ကြောက်သွားစေခဲ့တယ်လို့ ဆိုပါတယ်..။ “ရင်ဘတ်ထဲကဓား” အထူးပြသပွဲနေ့က ဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ လာရောက်ကြည့်ရှုခဲ့တာ ဖြစ်ပြီး အဲ့ဒီရုပ်ရှင်ဇာတ်ကားဟာ သူမအတွက် အိမ်ထောင်ပြုရမှာကို ကြောက်သွားစေတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့ ပြောပါတယ်..။ အဲ့ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသမီးချောလေး မေတိုးခိုင်က အခုလို ပြောထားပါတယ်..။

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားက ဟာကွက်မရှိအောင်ကို တအားကောင်းပါတယ်..။ အိုင်တင်တွေ မုခ်တွေလည်း တအားကောင်းတယ်..။ တီ ဝဲကို ဘယ်သူပေးပေး မပေးပေး ညီမကတော့ မကယ်ဒမီပေးလိုက်ပြီ.။ ဦးတီလည်း တအားတော်ပါတယ်.. ဒီကာရိုက်တာကို တော်တော်များများ မလုပ်ရဲကြဘူး..။ ဒါကို အရဲစွန့်ပြီးလုပ်ပေးတဲ့အတွက် တအားကျေးဇူးတင်ပါတယ်..။ ညီမအတွက် အများကြီး သင်ယူစရာတွေရှိပါတယ်..။ ဇာတ်ကားလေးက အရမ်းကောင်းတဲ့အတွက် လာကြည့်စေချင်ပါတယ်..။ အားပေးကြပါလို့ ပြောချင်ပါတယ်..။ massage ကတော့ အိမ်ထောင်သည်တွေအတွက် ပိုပြီးကောင်းမယ်ပေါ့နော်..။ ညီမတို့အတွက်ကတော့ အိမ်ထောင်ပြုဖို့ ကြောက်သွားစေတယ်ပေါ့နော်..။” လို့ မင်းသမီးချောလေး မေတိုးခိုင်က ဆိုပါတယ်..။

မင်းးသမီးချောလေး မေတိုးခိုင်ဟာ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းအနားပွဲများ တတ်ရောက်ခြင်း နှင့် ကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ ဓာတ်ပုံကြော်ငြာ၊ မဂ္ဂဇင်း ကြော်ငြာများလည်း လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်..။ သူမက မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးကို မကြိုက်ဘဲ ကိုးရိုးကားယား ဖက်ရှင်မျိုးကိုသာ ကြိုက်နှစ်သက်တာ ဖြစ်တယ်လို့ ပြောပါတယ်..။ သူမအနေနဲ့ မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးကို သိပ်မဝတ်ဖြစ်ဘဲ ကိုးရိုးကားယား ဖက်ရှင်တွေနဲ့ပဲ ကိုယ့်ကိုယ့်ကိုယ် လိုက်ဖက်တယ်လို့ ထင်ပါတယ်လို့လည်း မင်းသမီးချောလေး မေတိုးခိုင်က ပြောပါတယ်..။

Source - Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။