ဒီနေ့အောက်တို့ဘာ၂၃ရက်နေ့ မှာကျရောက်တဲ့(၉)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လေးကတော့ ဒယ်ဒီဟဲလေးတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်လည်နေ့လေးပဲဖြစ်ပါတယ်။တေးသံရှင်ဟဲလေးဟာသူချစ်မြတ်နိုးတဲ့ဂီတလုပ်ငန်းတွေနဲ့အတူချစ်ရတဲ့မိသားစု,သူအပေါ်နားလည်ပြီးအရမ်းချစ်တဲ့ဇနီးသည်လေးနဲ့ပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ယောက်လဲဖြစ်ပါတယ်။တေးသံရှင်ဟဲလေးတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးကိုလဲပရိသတ်တွေအားကျချစ်ခင်ကြမယ်လို့ထင်ပါတယ်။ 

တေးသံရှင်ဟဲလေးဟာ သူရဲ့လူမှုကွန်ယက်ဖေ့ဘွတ်မှာလဲ"မိဘတွေစကားကိုမလွန်ဆန်နိုင်လို့ ခေါင်းညိတ်ခဲ့တာဒီနေ့ဆို(၉)နှစ်ပြည့်ခဲ့ပါတယ်,ငွေရှင်အမျိုးသမီးဒေါ်ခင်လင်းကကျွန်တော့်ကိုသိမ်းပိုက်ခဲ့တာလည်းဒီနှစ်နဲ့ဆို(၉)နှစ်ပြည့်ခဲ့ပါတယ်,ကျွန်တော်ကိုတေလာဆွစ်စိတ်ကောက်ပြီးအမေရိကားပြန်သွားတာလည်းဒီနေ့နဲ့ဆို၉နှစ်ပြည့်ခဲ့ပါတယ်ဆိုုတဲ့စာသားလေးနဲ့အတူချစ်ရတဲ့ဇနီးသည်ကိုစနောက်ကျီစယ်ပြီး၉နှစ်ပြည့်အမှတ်တရစာသားလေးရေးသားခဲ့တာကိုလဲတွေ့ရပါတယ်။ဘယ်သွားသွားလိုက်နေရာတကာလိုက်,တကောက်ကောက်လိုက်,ဇွတ်လိုက်,အတင်းလိုက်,ခေါ်လည်းလိုက် ..မခေါ်လည်းလိုက် My Wife is My Lifeဆိုတဲ့ကဗျာစာလေးကိုလဲချစ်ဇနီးအတွက်ဂီတသမားပီပီးကာရန်လေးနဲ့ရေးသားမျှဝေခဲ့တာလဲတွေ့ရပါတယ်။

လက်ရှိမှာတော့နောက်ထပ်တစ်ကိုယ်အခွေထွက်နိုင်ဖို့သီချင်းတွေစုနေပါတယ်လို့ဆိုပါတယ်။နယ်ပွဲလေးတွေလဲဆိုဖြစ်နေပီးပရိသတ်တွေအတွက်အကောင်းဆုံးကြိုးစားနေပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေမျော်လင့်စောင့်စားနေတဲ့တစ်ကိုယ်တော်ဖျော်ဖွဲလေးလုပ်နိုင်ဖို့ကြိုးစားနေပါတယ်လို့ဆိုပါတယ်။အဆိုတော်ဟဲလေးရဲ့ပျော်ရွှင်စရာမိသားစုပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဟဲလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။