ကျောင်းသားနှစ်ဦး ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

သန်လျင်မြို့မှာ ခုနှစ်တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ရာက တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

The Voice သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခန့်လောက်က နာရီစင်လမ်းဆုံ အလယ်ပေါက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဦးခေါင်းကို စတီးချိုင့်နဲ့ ရိုက်နှက်ခံရကာ အသက် ၁၄ နှစ်အရွယ် ကျောင်းသား သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေဟာ သန်လျင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသားတွေဖြစ်ပြီး သတ္တမတန်း(F) မှ ကျောင်းသားဟာ အတန်းဖော်နဲ့ အိမ်ပြန်လာစဉ် သတ္တမတန်း (A) မှ အသက် ၁၂ နှစ်အရွယ် ကျောင်းသားနဲ့ စကားများရန်ဖြစ်ကာ အပြန်အလှန်ထိုးကြိတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သုံးဆင့်စတီးချိုင့်နဲ့ ရိုက်ခံရတာကြောင့် ၁၄ နှစ်အရွယ်ကျောင်းသား ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးကို တင်ပို့ကုသခဲ့ပေမဲ့ နိုဝင်ဘာ ၁၀ ရက် မနက် ၄ နာရီမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source: The Voice

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။