နူတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်၊ အဆိုတော် တယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ကတော့ သူတက်ခဲ့တဲ့ အထက်တန်းကျောင်းတံဆိပ် ပါဝင်တဲ့ အကျီနဲ့ ရိုက်ထားတဲ့ ပုံကို သူရဲ့Facebook အကောင့်မှာတင်လိုက်ပြီး အပြန်အလှန် အနေနဲ့ သူ့ရဲ့ ပရိတ်သက် တွေကိုလည်း ဘယ်ကျောင်းမှာ တက်ခဲ့လည်းဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

“အခုတော့လည်း အထက်တန်းကျောင်းတွေ အားလုံးသိလိုက်ရပါပြီ

လက်ရှိတက်နေတဲ့ ယူနီနဲ့ မေဂျာအတန်းတွေရော အလင်းပြဖို့ အစီအစဉ် ရှိ မရှိ ?

ကိုယ်ကတော့ ထ၁ကျောင်းပဲ” ဟု သူ၏ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

စိုင်းစိုင်းရဲ့ လက်ရှိလှုပ်ရှားမှု များ အနေနဲ့တော့ အောက်တိုဘာ ၂၉

SAI Cosmetic fan meeting နဲ့ အောက်တိုဘာ ၃၀၊ ၃၁ ရက်နေ့များမှာ တန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီး က ပရိတ်သက်တွေနဲ့ အတူဆင်နွဲ မှာ ဖြစ်ပါတယ်။

Source - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။