ဟောလိ၀ုဒ်ရဲ့ ကမ္ဘာကျော်ဆယ်လီတစ်ဦးဖြစ်တဲ့ အဆိုတော်ဆလီနာဂိုးမက်ဇ် ဟာ သူမရဲ့ သီချင်းကောင်းလေးတွေကြောင့် နာမည်ကြီးလာသူဖြစ်ပါတယ်။

မြန်မာပရိသတ်တွေကတော့ သူမကို ဂျက်စတင်ဘီဘာရဲ့ ရည်းစားဆိုပြီး စသတိထားမိခဲ့တာနေမှာပါ။

အသက်(၂၅၊)နှစ်ရှိပြီဖြစ်တဲ့ ပရိသတ်အချစ်တော် ဆလီနာဂိုးမက်ဇ်ဟာ အမေရိကန်ပေါ့အဆိုတော်မလေးတစ်ဦးဖြစ်ပြီး ငယ်ရွယ်စဉ်ကထဲက အနုပညာလောကထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

အားလပ်ချိန်တွေမှာရော အလုပ်မှာပါ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့ သွားလာနေထိုင်မှုပုံရိပ်လေးတွေကတော့ ပရိသတ်တွေအတွက် အသဲယားစရာကောင်းလောက်အောင်ပါပဲ။

ထွက်သမျှသီချင်းအပုဒ်ရေတိုင်းဟာ လူကြိုက်များအားပေးခံရသလို သူမရဲ့ Who Says , Love You Like a song စတဲ့ သီချင်းလေးတွေကလည်း အောင်မြင်ခဲ့တာပါ။

Lupus ရောဂါရှိတဲ့ ဆလီနာဟာ လက်တလောမှာ သူငယ်ချင်းဖြစ်သူရဲ့ ကျောက်ကပ်တစ်ခြမ်းနဲ့ အသက်ရှင်နေရပြီး ဆေးကုသမှုခံယူထားတာ မကြာသေးပါဘူး။

အချစ်ရေးမှာတော့ ဂျက်စတင်ဘီဘာနဲ့ပြတ်သွားပြီးနောက်မှာ လက်ရှိအချိန်ထိ The Weekend နဲ့ တွဲနေဆဲပဲဖြစ်ပါတယ်။

သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သူမရဲ့ ပြောင်ချော်ချော် လျှပ်တပြတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

Source -Pintrest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။