ချစ်စရာမင်းသမီးချောလေးခင်ဝင့်ဝါတစ်ယောက်ဇာတ်ကားလေးတွေရိုက်ကူးရင်းဘုရားအစုံလျောက်ဖူးလို့နေပါတယ်။အင်းလေးတစ်ခွင်နေရာအစုံလျောက်လည်ခဲ့ပြီးဘုရားစုံဖူးကာကုသိုလ်ယူခဲ့တဲ့မင်းသမီးချောလေးခင်ဝင့်ဝါဟာယခုတစ်ဖန်တောင်ကြီးကိုရောက်လို့နေပါတယ်။အင်းလေးမှာရိုက်ကူးခဲ့တဲ့ချစ်စရာအင်းသူလေးတစ်ယောက်အသွင်ပုံရိပ်လေးတွေကလဲပရိသတ်တွေကြားရေပန်းစားနေခဲ့ကာပရိသတ်တွေကိုအချစ်ပိုစေခဲ့တာလဲဖြစ်ပါတယ်။ယခုတစ်ဖန်တောင်ကြီးရောက်တုန်းဘုရားအစုံရောက်ဖူးဖြစ်တယ်ဆိုပြီးလဲသူမရဲ့လူမှုကွန်ရက်ကနေချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုလဲမျှဝေထားပြန်ပါတယ်။

ချစ်စရာကောင်းပြီးဘာသာတရားကိုင်းရှိုင်းတဲ့မင်းသမီးချောလေးခင်ဝင့်ဝါဟာသူမခရီးထွက်တိုင်းရောက်တဲ့နေရာမှာဘုရားအစုံဝင်ဖူးဖြစ်တယ်လို့ဆိုပါတယ်။ဇာတ်ကားလဲရိုက်ကူးရင်းကုသိုလ်လဲယူရင်းပေါ့ဆိုပြီးပြောပြပါတယ်။ချစ်စရာမင်းသမီးချောလေးခင်ဝင့်ဝါခုလိုခရီးတွေထွက်ရတာလဲအရမ်းပျော်ပါတယ်။မြန်မာပြည်ကတန်ခိုးကြီးဘုရားတွေကိုလဲဖူးမျှော်ကြည်ညိုခွင့်ရတဲ့အတွက်အရမ်းကိုပျော်ရွှင်ရပါတယ်လို့ဆိုပါတယ်။တန်ခိုးကြီးဘုရားတွေရောက်တိုင်းလဲသူမကိုချစ်တဲ့ပရိသတ်တွေ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြပါစေလို့အမြဲဆုတောင်းဖြစ်ပါတယ်လို့ဆိုပါတယ်။ 

လက်ရှိမှာတော့ ချစ်စရာမင်းသမီးချောလေးခင်ဝင့်ဝါဟာ အင်းလေးကအပြန်တောင်ကြီးဝင်ခဲ့တာဖြစ်ပြီးယခုအောင်ပန်းမှာရိုက်ကူးလျက်ရှိတယ့်ရုပ်ရှင်ဇာတ်ကားလေးကိုဆက်လက်ရိုက်ကူနေတယ်လို့သိရပါတယ်။ပရိသတ်ကြီးကိုအရမ်းချစ်ပါတယ်ဘုရားဖူးတိုင်းလဲပရိသတ်ကြီးကျန်းမာပါစေဆုတောင်းပေးပါတယ်လို့ပြောပါတယ်။ကျန်းမာရေးလဲဂရုစိုက်ပါပရိသတ်ကြီးရှင့်ပရိသတ်ကြီးအတွက်အကောင်းဆုံးကြိုးစားနေပါတယ်လို့ဆိုပါတယ်။ချစ်စရာကောင်းနဲ့ မင်းသမီးချောလေးခင်ဝင့်ဝါရဲ့တောင်ကြီးနဲ့အင်းလေးမှာရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်ထပ်မံမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ခင်ဝင့်ဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။