အမေစုဟာသူတွေ့ဖူးသမျှထဲမှာအရိုးသားဆုံးဆိုတဲ့အောင်လ


မြန်မာနိုင်ငံသားOne Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်းဟာဒီနေ့

မနက်ကရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ခရီးရောက်မဆိုက်

ဆိုသလိုပဲရန်ကုန်ကနေနေပြည်တော်ကိုသွားပြီး

လူထုခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

အောင်လဟာအမေစုလို့ချစ်စနိုးခေါ်ကြတဲ့ဒေါ်အောင်ဆန်း

စုကြည်ကိုသူရဲ့လက်ဝှေ ့အိတ်တစ်စုံကိုလက်ဆောင်

အဖြစ်ရိုသေစွာပေးအပ်ခဲ့ပါတယ်။


အမေစုနဲ့တွေ့ဆုံခဲ့ရခြင်းအပေါ်အောင်လတစ်ယောက်

ဝမ်းသာပီတိဖြစ်နေပြီးအရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။

သူရဲ့လူမှုကွန်ယက်ပေါ်မှာလည်း

"ကျွန်တော်ဒီနေ.မှာ အန်တီစုနဲ.တွေ.ဆုံခွင့်ရခဲ့ပါတယ်ဗျာ

အန်တီစုက ကျွန်တော်တွေ.ဖူးခဲ့တဲ့ပုဂ္ဂိုလ်တွေထဲမှာ ရိုးသားဖြောင့်မတ်ဆုံးပုဂ္ဂိုလ်တစ်ဦးပါပဲဗျာ

ကျွန်တော့်တို.ဘဝမှာတွေ.ကြုံခဲ့ရတဲ့ အတွေ.အကြံုတွေနဲ.

 စိန်ခေါ ်မှုတွေရဲ.

အကြောင်းကို အတူတကွဆွေးနွေးပြောဖြစ်

ခဲ့ကြပါတယ်၊၊ အန်တီစုက သူ.ဘဝမှာတွေ.ကြံုခဲ့

ရတဲ့တိုက်ပွဲတွေအကြောင်းကို ပြန်လည်မျှဝေ

ပြောပြခဲ့ပြီး ကျွန်တော်ကလည်း ကြံုတွေ.ခဲ့ရတဲ့အတွေ.အကြံုတွေကို ပြန်လည်မျှဝေခွင့်ရခဲ့ပါတယ်ဗျာ၊၊

အကောင်းဆုံးဆိုတဲ့အရာတွေကို ရရှိပိုင်ဆိုင်နိုင်ဖို.ဘယ်တော့မှအလွယ်တကူ

မရနိုင်ဘူး ဆိုတဲ့ အန်တီစုရဲ.ဆုံးမစကားဟာ

ကျွန်တော့်ကို ခွန်အားသတ္တိတွေဖြစ်စေပါ တယ်ဗျာ၊"ဆိုပြီး

အားရဝမ်းသာရေးထားပါတယ်။

ဒါ့အပြင်"လောကကြီးမှာဘယ်သူမှပြီးပြည့်စုံတဲ့သူဆိုတာ

မရှိဘူးဆိုပေမယ့်လည်း ၀ါသနာ၊ အနစ်နာခံပြီး

နားလည်မှုတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင်

အားလုံးအတူတူရေရှည်လက်တွဲသွားနိုင်

ကြမှာပါဗျာ၊၊ ကျွန်တော်အခုလို အန်တီစုနဲ.

တွေ.ဆုံခွင့်ရတာကို လှိုက်လှဲစွာဝမ်းသာ

ဂုဏ်ယူမိပါတယ်ဗျာ၊၊

ကျွန်တော်တို.တွေအားလုံး ချစ်ချစ်ခင်ခင်ငြိမ်းငြိမ်းချမ်းချမ်းနဲ.စည်းလုံး

ညီညွတ်မှုရှိပြီးအောင်မြင်စွာနေထိုင်နိုင်ဖို.

အတွက် ဒီနေ.ခေါင်းဆောင်များနဲ. အနာဂတ်လူငယ်များအတွက် အန်တီစုက

အမြဲတမ်းမားမားမတ်မတ်နဲ.ဦးဆောင်သွားနိုင်ပါစေလို. ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ၊"ဆိုပြီးရေးသား

ထားခဲ့ပါသေးတယ်။အောင်လတစ်ယောက်အမေစု

ကိုတွေ့ဆုံပြီးနောက်မှာတော့ရန်ကုန်ကိုပြန်လာနေပြီလို့

သိရပါတယ်။

Source-Aung la

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။