ဘယ်အချိန်ကြည့်ကြည့်ပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ဖို့ကောင်းနေတဲ့နတ်ဖတ်တဲ့စုံတွဲလေးကတော့ဂွမ်းတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်လက်ဆတ်တဲ့ထာဝရအချစ်တွေနဲ့အရမ်းချစ်ကြပြီးကြည်နူးစရာပုံရိပ်လေးတွေလဲအမြဲတွေ့မြင်ရတာကြောင့်ပရိသတ်ကြီးလဲအားကျကြည်နူးမိမယ်ထင်ပါတယ်။ပရိသတ်ကြီးပိုမိုအားကျကြည်နူးမိစေဖို့ဂွမ်းတို့ဇနီးမောင်နှံဟာရိုမန်တစ်ဆန်ဆန်ပင်လယ်ကမ်းခြေသဲသောင်ပြင်ပေါ်မှာစက်ဘီးကလေးကိုအတူစီးကာပျော်ရွှင်လို့နေပါတယ်။သူမရဲ့ လှုမှုကွန်ယက်မှာလဲ ချောင်းသာရောက်ဒို့၂ယောက်ဆိုတဲ့စာသားလေးနဲ့ကြည်နူးစရာဂွမ်းတို့ဇနီးမောင်နှံ၂ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေမျှဝေထားတာကိုလဲတွေ့ရတာပဲဖြစ်ပါတယ်။ 

ပြည်သူချစ်သရုပ်ဆောင်တက္ကသိုလ်ဂွမ်းပုံဟာ အောက်တို ဘာ၂၃ရက်နေ့ဒီနေ့ညနေမှာချောင်းသာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဇာတ်ကားရိုက်ကူးဖို့ချောင်းသာကိုရောက်ရှိနေတာဖြစ်ပြီး ဇာတ်ကားလဲရိုက်ကူးရင်းကိုကိုနဲ့လဲကဲရင်း ပျော်ရွှင်နေတာကိုတွေ့ရပါတယ်။ ဇာတ်ညွန်း,ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးမယ့် "ဘူဇွာဟိုတယ်"လို့အမည်ရတဲ့ဇာတ်ကားလေးရိုက်ကူးဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားလေးကို ပရိသတ်အချစ်တော်သရုပ်ဆောင်မြင့်မြတ်,မင်းသမီးချောရွှေသမီး,ခင်လှိုင်,တက္ကသိုလ်ဂွမ်းပုံနဲ့တခြားအနုပညာရှင်များစွားလဲပါဝင်ရိုက်ကူူသွားမယ်လို့သိရပါတယ်။အချစ်ဟာသဖန်စီဇာတ်ကားလေးဖြစ်တာကြောင့်ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျစေမယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်လို့ဆိုပါတယ်။

လက်တစ်လောမှာတော့ပရိသတ်ချစ်တက္ကသိုလ်ဂွမ်းပုံဘားအံ့ကနေဇာတ်ကားရိုက်ကူးပြီးရန်ကုန်ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။တစ်ဖန်ဒီနေ့မှာလဲဇာတ်ကားရိုက်ကူးဖို့ချောင်းသာကိုရောက်ရှိနေတာဖြစ်ပြီးပရိသတ်ကြီးအတွက်အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။အနုပညာကိုချစ်မြတ်နိုးတဲ့သရုပ်ဆောင်ဂွမ်းပုံဟာသူမတက်ကျွမ်းတဲ့အနုပညာနဲ့ပရိသတ်တွေကိုဖျော်ဖြေခွင့်ရတာပဲကျေးဇူးတင်လှပါပြီး။ဆက်လက်အားပေးကြပါအုန်းပရိသတ်ကြီးလို့ဆိုပါတယ်။ရိုမန်တစ်ဆန်ဆန်ချောင်းသာကမ်းခြေသဲသောင်ပြင်ပေါ်မှာပျော်ရွှင်နေတဲ့ဂွမ်းတို့ဇနီးမောင်နှံပုံရိပ်လေးတွေကိုလဲပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - တက္ကသိုလ်ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။