မင်းသမီးနန်းစုဦးတစ်ယောက်ကတော့ သူမနာမည် သူမရုပ်ပုံနဲ့ သူမနဲ့တူအောင် လိုက်ဖွင့် ထားတဲ့ Facebook Account တစ်ခုကိုဖော်ထုတ်လိုက်ပါတယ်။ အကောင့်အတုဟာ သူမရုပ်ပုံ တင် သူမပုံစံ ပုံမှားရိုက်ပြီး ပရိတ်သတ်တွေကို မျက်စိလည်အောင်လုပ်နေသူပါ။ အကောင့် အတုအနေနဲ့ ပြိုင်ပွဲတွေမှာ Like တောင်းနေတဲ့ပုံတွေကို Share ထားတာကိုတွေ့ရပါတယ်။

သူမကအကောင့်အတုကို သူမလို့မထင်မှတ်စေရန် ပရိတ်သတ်တွေကို Status တင်ပီး ရှင်းပြထားပါတယ်။ လက်ရှိ ဒီ profile pic နဲ့ ဒီ cover photo ကိုယူသုံးထားတာ Nan Su Oo ရဲ့ အကောင့်အတု ပါ... နန်းဆု ကိုယ်တိုင် အခုသုံးနေတဲ့ အကောင့် က လွဲလို့ ဘာ Facebook အကောင့်မှ မသုံးပါ ရှင် ... Report လုပ်ပေးခြင်းဖြင့် ကူညီပေးပါအုန်း... ဆိုပြီး တင်ထားတာကိုတွေ့ရပါတယ်။

သူမရဲ့ပရိတ်သတ်တွေကလဲ အကောင့်အတုကို Report ထုခဲ့တဲ့ Screen Shot တွေကိုလည်း Comment မှာပြန်လည်ပြသခဲ့ပါတယ်။ အကောင့်အတုတွေက နောက်ပိုင်းမှာအကြီးမားဆုံး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ကိုယ်တိုင်မပြောတဲ့စကားလုံးတွေကို နာမည်ပျက်စေရန် ရည်ရွယ်ပြီး ပြုမူတိုက်ခိုက်တာမျိုးတွေရှိတတ်တာကြောင့် လူတိုင်းသတိထားသင့်ပါတယ်။ ပရိတ်သတ်ကြီးလဲ နန်းစုဦးရဲ့ အကောင့်အတုကို Report ဝိုင်းလုပ်ပြီး ကူညီပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။