မြန်မာဆန်ဆန်လေးနဲ့အရမ်းလှတဲ့ပရိသတ်ချစ်မင်းသမီးချောလေးအိချောပိုဟာမန္တလေးပရဟိတမိဘမဲ့ကျောင်းလေးကိုသွားရောက်ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာ၂၃ရက်မနေ့ကမန္တလေးYGWပရဟိတမိဘမဲ့ကျောင်း

လေးကိုသွားရောက်ခဲ့တာဖြစ်ပြီးမိဘမဲ့ကလေးငယ်တွေကိုသွားရောက်အားပေးနှစ်သိမ့်ခဲ့တယ်လို့သိရပါတယ်။အကြောင်းအမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်ခဲ့ရတဲ့လူမမယ်ကလေးငယ်လေးတွေဟာအရမ်းကိုသနားစရာကောင်းတဲ့အတွက်သွားရောက်နှစ်သိမ့်ပေးခဲ့တာပါလို့ဆိုပါတယ်။သူမရဲ့ဝမ်းစာဖြစ်တဲ့အနုပညာကြေးလေးတွေထဲကတစ်ချို့ကိုလဲခုလိုမိဘမဲ့ကျောင်းလေးတွေမှာမကြာခဏသွားရောက်လှူဒါန်းဖြစ်ပါတယ်လို့ဆိုပါတယ်။

လက်တလောမှာတော့မင်းသမီးချောလေးအိချောပိုဟာအော်တိုဘုရင်ရုပ်ရှင်ကားကြီးနဲ့ပရိသတ်တွေကြားရေပန်းစားလို့နေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၂၂ရက်နေ့ကမန္တလေးမြို့ဝင်းလိုက်ရုပ်ရှင်ရုံမှာအော်တိုဘုရင်ရုပ်ရှင်ကားကြီးလက်မှတ်ရေးထိုးပွဲအတွက်မန္တလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။မန္တလေးကပရိသတ်တွေတစ်ခဲနက်အားပေးကြတဲ့အတွက်လဲအရမ်းကိုပျော်ရွှင်ဝမ်းမြောက်မိပါတယ်လို့ဆိုပါတယ်။

မန္တလေးရောက်တုန်းခုလိုYGWပရဟိတမိဘမဲ့ကျောင်းလေးကမိဘမဲ့ကလေးငယ်လေးတွေကိုသွားရောက်အားပေးနှစ်သိမ့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မိဘမဲ့ကလေးတွေကိုအမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပြီးမိဘမဲ့ကလေးတွေနဲ့ဆရာမတွေအားလုံးပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့အမှတ်တရပုံရိပ်လေးတွေကိုလဲသူမရဲ့လူမှုကွန်ယက်ကနေမျှဝေခဲ့တာကိုလဲတွေ့ရပါတယ်။မင်းသမီးချောလေးအိချောပိုဟာပရဟိတလုပ်ငန်းတွေမှာလဲအချိန်ရရင်ရသလိုပါဝင်ကူညီဖြစ်ပါတယ်လို့ဆိုပါတယ်။

သတင်းအရင်းအမြစ် - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။