ပဲခူးတိုင်းဒေသကြီး,ပဲခူးမြို့နယ်,စိုင်တီကျေးရွှာဟာရွှာတည်ပြီးနှစ်ပေါင်းများစွာသောက်သုံးရေမရရှိတဲ့အခက်အခဲရှိနေခဲ့ပါတယ်။ရွှာသူရွှာသားတွေဟာသောက်သုံးရေမရရှိတာကြောင့်ချောင်းရေကန်ရေတွေကိုသာကျိုချက်သောက်သုံးနေခဲ့ရတာပါ။ခေတ်အဆက်အဆက်အစိုးရအဖွဲအစည်းများ,NGOအဖွဲ့အစည်းများမှကျေးရွှာအတွက်အဝီစိစက်ရေတွင်းပေါင်း(၇)တွင်းကျော်တူးဖော်ခဲ့ပေမယ့်တစ်တွင်းမှမအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။အဲ့ဒါကြောင့်ကျေးရွှာလူထုမှကျိမ်စာသင့်နေတယ်ဟုယူဆကာဆက်လက်တူးဖော်ခြင်းမပြုပဲနေခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ပဲခူးမြို့နာရေးကူညီမှုအသင်းကစက်ရေတွင်းတူဖော်ပေးပါရန်ဦးကျော်သူရဲ့ကျော်သူပရဟိတကွန်ယက်အဖွဲ့ကိုအကူညီတောင်းလျောက်ထားခဲ့တယ်လို့သိရပါတယ်။နှစ်ပေါင်းများစွာကျိမ်စာသင့်နေခဲ့တဲ့စိုင်တီကျေးရွှာဟာဦးကျော်သူရဲ့စစ်မှန်တဲ့သစ္စာစေတနာ,ရန်ကုန်မြို့နေအလှူရှင်မိသားစုရဲ့သဒ္ဒါတရားနဲ့တွင်းဆရာရဲ့မွန်မြတ်လှတဲ့ဇွဲလုံ့လတို့ကြောင့်အနက်ပေ၆၉၀ခန့်တွင်ရေရရှိခဲ့ပြီးကျိမ်စာသင့်တွင်းရေအောင်ခဲ့ပါတယ်လို့သိရပါတယ်။ 

အဲ့ဒီကျိမ်စာသင့်ရေတွင်းရေအောင်ခြင်းဟာကျော်သူပရဟိတကွန်ယက်ရဲ့အကြိမ်(၅၀)မြောက်ရေအောင်ပွဲအလှူလဲဖြစ်ပါတယ်။မွန်မြတ်တဲ့ရေပဒေသာပင်အလှူလေးအောင်မြင်ခဲ့တာကြောင့်ရွှာသူရွှာသားများဝမ်းမြောက်ပျော်ရွှင်ကြရသလိုကျော်သူကွန်ယက်အဖွဲ့သားများလဲထပ်တူပျော်ရွှင်ဝမ်းမြောက်ခဲ့ရတယ်လို့ဆိုပါတယ်။ဦးကျော်သူဟာသူရဲ့လူမှုကွန်ယက်ကနေလဲအလှူရှင်မိသားစုနဲ့အတူပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန်လဲမျှဝေထားတာကိုလဲတွေ့ရပါတယ်။စိုင်တီရွှာရေအောင်ပွဲအထိမ်းအမှတ်ပျော်ရွှင်ဝမ်းမြောက်နေကြတဲ့ရွှာသူရွှာသားများရဲ့ပုံရိပ်တွေကိုလဲပရိသတ်ကြီးသာဓုခေါ်ဆိုနိုင်ရန်ကုသိုလ်ပြုမျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။