မနက်က ပေးအပ်ချီးမြင့်ခဲ့တဲ့ ၂၀၁၇ ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆိုကို စီရော်နယ်ဒို က မက်ဆီ၊ နေမာ တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား တို့ကို ရရှိအောင် သွင်းဂိုးတွေနဲ့ အတူခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယခုပေးအပ်တဲ့ ဆုကို ရရှိခဲ့တာလည်းုဖစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ဖီဖာကပေးအပ်တဲ့အကောင်းဆုံး ပရိတ်သတ်ဆုကိုတော့ ဆဲလ်တစ်ပရိတ်သတ်တွေက ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ဖီဖာကပေးအပ်တဲ့ အကောင်းဆုံး ကစားသမားအမျိုးသမီးဆုကိုတော့ နယ်သာလန်အမျိုးသမီး လီကာမာတင်က ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်

ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွက် Puskas ဆု (ဂိုးသွင်းအလှဆုံးဆု ) ကိုတော့ အာဆင်နယ်ကစားသမား ဂျီရော့ ကရရှိခဲ့တာလည်းဖြစ်ပါတယ်။ဖီဖာကချီးမြင့်တဲ့အကောင်းဆုံးဂိုးသမားဆုကိုတော့ ဂျူဗင်တပ် ဂိုးသမား ဘူဖွန်ကရရှိခဲ့တာလည်းဖြစ်ပါတယ်။နောက်ပြီး ဖီဖာကပေးအပ်တဲ့ အကောင်းဆုံးနည်းပြဆုကိုတော့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

source - fifa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။