ကမ္ဘာ့ဖလားလူငယ်ပြိုင်ပွဲတွေကျင်းပဖို့စိတ်အားထက်သန်နေတဲ့ဦးဇော်ဇော်

မြန်မာဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေကိုလက်ခံကျင်းတော့မည်လို့သတင်းသဲ့သဲ့ကြားနေရတာကြာပါပြီ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီးကတော့ဒီစီမံကိန်း

တွေကိုစတင်အကောင်အထည်ဖော်နေပြီလို့ဆိုရမှာပါ။

မနေ့ကလန်ဒန်မှာကျင်းပတဲ့ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲကို

ဦးဇော်ဇော်တက်ရောက်ခဲ့ပါတယ်။အကောင်းဆုကို

ရီးယဲတိုက်စစ်မှူးရော်နယ်ဒိုရရှိသွားပါတယ်။

အဲ့ဒီပွဲမတိုင်ခင်မှာဦးဇော်ဇော်ဟာFifaဥက္ကဌအင်ဖန်တီနိုနဲ့

သီးခြားတွေ့ဆုံခဲ့ပါတယ်။လန်ဒန်မြို့မေဖဲလ်ဟိုတယ်မှာ

တွေဆုံခဲ့ပြီးလူငယ်ဖွံဖြိုးရေးကိစ္စတွေကိုဇောင်းပေး

ဆွေးနွေးခဲ့ပြီးသက်တမ်းအလိုက်ကမ္ဘာ့ဖလားပြိုင်ပွဲများ

ကျင်းပရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အင်ဖန်တီနိုဟာဦးဇော်ဇော်နဲ့နွေးထွေးတဲ့ဆက်ဆံရေး

ရှိပြီးမြန်မာပြည်ကိုလည်းလာရောက်ဖူးသူပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်Fifaမှာအစီအစဉ်သစ်တွေရှိနေပြီး

ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်းပုံစံသစ်နဲ့ကျင်းပသွားဖို့

ရှိပါတယ်။2026မှာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အရေပတွက်48နိုင်

ငံအထိရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင်လူငယ်ကမ္ဘာ့ဖလား

ပြိုင်ပွဲတွေဖြစ်တဲ့ယူ-20နဲ့ယူ-17ပြိုင်ပွဲတွေရဲ့ပြိုင်ပွဲဝင်

အသင်းတွေထပ်တိုးဖို့ရှိနေပါတယ်။အကယ်၍ဦးဇော်ဇော်

ရဲ့အိမ်မက်တွေသာတကယ်ဖြစ်လာရင်တော့ကျွန်တော်တို့

ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွေကိုကိုယ့်မြေကိုယ့်ရေမှာ

မျက်ဝါးထင်ထင်မကြာခင်တွေ့မြင်ကြရတော့မှာပါ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။