Talent & Model Agency ဆိုရင်တော်တော်များများသိကြပါတယ်။ မော်ဒယ်တင်မိုးလွင် ဦးစီးဖွင့်လှစ်ထားတဲ့ မော်ဒယ်သင်တန်းပဲဖြစ်ပါတယ်။ ဒီသင်တန်းကနေ အနုပညာရှင် ပေါင်းများစွာ မွေးထုတ်ပေးနိုင်တာကိုလဲတွေ့ရပါတယ်။ October 23 ရက်နေ့မှာတော့ သင်တန်းကြီးဟာ 23 နှစ်ဆိုတဲ့ ကာလကိုဖြတ်ကျော်ခဲ့ပြီး အောင်မြင်မှုနဲ့ ဆက်လက် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

Myanmar Plaza မှာကျင်းပခဲ့တဲ့ သင်တန်းရဲ့နှစ်ပတ်လည်ပွဲလေးကို အနုပညာရှ င်များစွာတက်ရောက်ခဲ့ကြပါတယ်။ သင်တန်းသူသင်တန်းသားတွေအပြင် ယခင်ကျောင်းသား ဟောင်းတွေပါ တက်ရောက်ခဲ့ကြလို့ ပျော်စရာကောင်းတဲ့ နှစ်ပတ်လည်ပွဲလေးကို မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ကျင်းပခွင့်ရသွားတာပေါ့။

မော်ဒယ်တင်မိုးလွင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့တဲ့ Talent & Model Agency သင်တန်းကနေ အနုပညာလောကထဲချေခြသွားနိုင်တဲ့သူတွေ မနည်းပါဘူး။ ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ် ပါပဲ။ Talent & Model Agency သင်တန်းကျောင်းကြီး 23 နှစ်ပြည့်ပွဲမှာ ဘယ်အနုပညာ ရှင်တွေတက်ရောက်ကြသလဲဆိုတာ ကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။