အောက်တိုဘာလ(၂၃)ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ အစည်းအဝေးခန်းမမှာ “ကိုးရိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးနှင့် ပတ်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်..။ သရုပ်ဆောင်မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပုံဖော်မယ့် “ကိုးရိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မသန်စွမ်းသူ ကာရိုက်တာနဲ့ ကိုးရိုးကားယား သရုပ်ဆောင်ပြီး ဟာသအဖြစ်ရိုက်ကူးပြသမှုနဲ့ ပတ်သက်ပြီးတော့ မသန်စွမ်းသူများဘက်မှ ကန့်ကွက်မှုများ ရှိခဲ့ပါတယ်..။ ထို့ကြောင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းတို့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

‘‘ဒါရိုက်တာကြီးများက ဇာတ်ကို ပြောင်းရိုက်ပေးပါမယ်။ ဒီဇာတ်လမ်းကို မသုံးတော့ဘူး။ ပြင်ဆင်ပြောင်းလဲပြီးမှ ရိုက်ပါ မယ်လို့ ပြောတာတောင် လာ ရောက်ဆွေးနွေးပေးတဲ့ မသန်စွမ်း အဖွဲ့ချုပ်မှ ဆရာများက ထုတ် လုပ်သူများ၊ ဒါရိုက်တာများ၊ အနု ပညာရှင်များ၊ ဖန်တီးထားတဲ့ အနု ပညာတွေ မဆုံးရှုံးသွားအောင် အဲဒီလိုကြီးတော့ မလုပ်လိုက်ပါနဲ့။ ဆုံးရှုံးနစ်နာပါမယ်။ အဲဒီအတွက် ဒီဇာတ်ကိုပဲ လိုအပ်တာများကို ပြုပြင်ညှိနှိုင်းပြီးတော့ ဒီဇာတ်ကိုပဲ ရိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဒါကလည်း တစ်ဖက်က သဘောထားကြီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုပါ။ ဒီဘက်ကလည်း တွေ့ဆုံညှိနှိုင်းပြီး ဆက်လက်ရိုက် ကူးဖို့ ဒါကို သဘောတူကြပါ တယ်’’ ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့ပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၂၂)ရက်နေ့က “ကိုးယိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူုးမှု ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဒါရိုက်တာ ပြည်ဟိန်းသီဟ က သူ့ရဲ့ fb စာမျက်နှာမှာ “ကဲ ပြသနာ အားလုံးရှင်းသွားအောင် ကို့ယို့ကားယား ရုပ်ရှင်ဇာတ်ကားအား ဆက်လက် ၍ ရိုက်ကူးခြင်းမရှိတော့ပါကြောင်း လိုက်လည်း ရှင်းမပြချင်တော့ကြောင်းနှင့် တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြသနာများကို ယခုနည်းဖြင့်သာ ဖြေရှင်းလိုက်ကြောင်း အသိပေး အကြောင်းကြား လိုက်ပါသည်” ဟု ရေးသားခဲ့ပါတယ်..။ သို့သော် ဆွေးနွေး ညှိနှိုင်းမှုတွေ အပြီးမှာတော့ ထိုရုပ်ရှင်ဇာတ်ကားကြီးကို ဆက်လက်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်..။ ထို့ကြောင့် “ကိုးရိုးကားယား” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇာတ်ကားနာမည်နဲ့ သရုပ်ဆောင်မှု ပုံသဏ္ဍာန်တွေကို ပြောင်းလဲရိုက်ကူးဖို့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ရိုက်ကူး ထုတ်လုပ်သူတွေ သဘောတူညီမှုရရှိခဲ့ပါတယ်။

Source - Myanmar Celebries

Photo - Popular & Mingalarbar Morning

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။