ပြီးခဲ့တဲ့အောက်တိုဘာ၂၂ရက်နေ့ညနေပိုင်းတွင်နေပြည်တော်ဇမ္ဗူသီရီမြို့နယ်ရှိ Grand ACE Villa (Nay Pyi Taw)ရေကူးကန်တွင်အမျိုးသားတစ်ဦးရေနစ်သေးဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသူအမျိုးသားဟာ ပုဂံမှနေပြည်တော်သို့လာရောက်လည်ပတ်သူ Forever Eight Tourism ကုမ္ပဏီဒါရိုက်တာဖြစ်သူကိုစိုင်းဆိုင်မွန်(၂၆)နှစ်ဆိုသူဖြစ်တယ်လို့သိရပါတယ်။သေဆုံးသူကိုစိုင်းဆိုင်မွန်ဟာ Grand ACE Villaအခန်း(၄၀၃)တွင်တည်းခိုနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီည(၉)နာရီအချိန်ခန့်တွင်

သေဆုံးသူကိုစိုင်းဆိုင်မွန်ဟာACE Villa အတွင်းရှိရေကူးကန်အတွင်းရေဆင်းကူးခဲ့ရာမှခုလိုသေဆုံးခဲ့တာဖြစ်

တယ်လို့ဟိုတယ်မှလက်ထောက်မန်နေဂျာဖြစ်သူရဲ့ပြောချက်များနဲ့ရဲမှတ်တမ်းများအရသိရပါတယ်။ 

အဆိုပါအမျိုးသားသေဆုံးသူသတင်းနဲ့ပတ်သတ်ပြီး Grand ACE Villa မှ တာဝန်ရှိတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ လောလောဆယ်မှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ပြောပိုင်ခွင့်မရှိသေးပါဘူးလို့သိရပါတယ်။လက်ရှိမှာတော့အထက်အရာရှိလူကြီးတွေကိုတင်ပြထားပြီးပြောခွင့်ရှိတဲ့အချိန်ကျရင်ပြောပေးပါမယ်လို့ဆိုပါတယ်။ဒီမှာလည်းတခြားကိစ္စတွေနဲ့အလုပ်တွေရှုပ်နေကြလို့ပါလို့ပြောပါတယ်။ 

သေဆုံးသူကိုစိုင်းဆိုင်မွန်ဟာပြင်ပဒဏ်ရာတစ်စုံတစ်ရာရရှိထားခြင်းမရှိပဲသေဆုံးနေတာဖြစ်တယ်လို့ရဲမှတ်တမ်းများအရသိရပါတယ်။ဓမ္မတာအတိုင်းသေခြင်းမဟုတ်ပဲရုတ်တရက်သေဆုံးခဲ့ရတဲ့အကြောင်းအရင်းကိုလဲ စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ရန်သက်ဆိုင်ရာရဲစခန်းတွင်သေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၇) ဖြစ့်အမှုဖွင့်စစ်ဆေးဆောင်ရွှက်လျက်ရှိတယ်လို့သိရှိရပါတယ်။

သတင်းအရင်းအမြစ် - ထွန်း (နေပြည်တော်/New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။