မိန်းမကိုဟင်းကူချက်ပေးတဲ့ပိုင်ဇေရဲထွန်း

ရုပ်ရှင်သရုပ်ဆောင်ပိုင်ဇေရဲထွန်းနဲ့ချစ်ဇနီးမသဲတို့အလုပ်

များနေပါတယ်။မီးဖိုချောင်ဝင်ရင်းအိမ်အတွက်ဟင်းလျာတွေ

ချက်ပြုတ်နေတဲ့မသဲကိုပိုင်ဇေရဲထွန်းကကူညီပေးခဲ့ပါတယ်။

အရမ်းချစ်တဲ့ယောကျာင်္းဆိုတာပိုင်ဇေရဲထွန်းလိုမျိုးလို့

ပြောရမှာပေါ့။မီးဖိုချောင်ကိစ္စတွေကိုလာကူလို့မသဲတစ်ယောက်လည်း

ပျော်နေရှာပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာတော့ပိုင်ဇေရဲထွန်းကိုစထားပါတယ်။

"သူလိမ္မာတဲ့အချိန်ဆိုအဲ့လိုမိန်းမကိုကူတယ်

တကယ်ကသူပုရစ်ကြော်စားချင်လို့မိန်းမကိုညာခိုင်းတာ"တဲ့။

ဟုတ်မယ်မထင်ပါဘူးနော်။ပိုင်ဇေရဲထွန်းမိန်းမပင်ပန်းနေတာ

မမြင်ရက်လို့ဝင်ကူညီတာပဲဖြစ်မှာပါ။ပိုင်ဇေရဲထွန်းမိသားစု

ကိုဘယ်လောက်ချစ်လဲဆိုသူအနုပညာအလုပ်တွေနည်းပါး

သွားတာကိုပဲကြည့်လေ။မိသားစုကိုအချိန်ပိုပေးဖြစ်နေတာ

ကြောင့်ပေါ့။

ဒါပေမယ့်ပိုင်ဇေရဲထွန်းအနေနဲ့အနုပညာအလုပ်တွေလုံးလုံး

ရပ်နားထားတာတော့မဟုတ်ပါဘူး။မကြာသေးခင်ကပဲ

အနုပညာရှင်ဘောလုံးအသင်းနဲ့အတူစင်ကာပူမှာဘောလုံး

သွားကန်ခဲ့ပါသေးတယ်။သူကအသင်းခေါင်းဆောင်ပေါ့၊

ဒီနေ့ချက်တဲ့ဟင်းတွေကတော့ပုရစ်ကြော်ရယ်၊

ကလေးတွေအတွက်ကြက်ကုန်းဘောင်ရယ်ပါတဲ့၊

စားဖိုမှူးကြီးပိုင်ဇေရဲထွန်းကိုယ်တိုင်ချက်ထားတာဆိုတော့

ကလေးတွေကတော့လျှာလည်သွားမှာအသေအချာပါ။

Source-Ma Thae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။