ခါရာဆိုတဲ့သရုပ်လေးကိုတော့ ပရိတ်သတ်တွေမှတ်မိမယ်ထင်ပါတယ်။ မွေးနေ့မှာ ချစ်သူ ဆီက ကားတစ်စီးလက်ဆောင်ရခဲ့တဲ့ Lucky Boy လေးပေါ့။ သူကတော့ ယောကျာ်းလေးပီပီ Action ဖက်ကိုပိုပြီးအားသာတယ်လို့ဆိုပါတယ်။ Action ချည်းပဲသီးသန့်မဟုတ်ပဲ Drama လေးတွေရောထွေးပြီး ပရိတ်သတ်တွေကို အမြင်ဆန်းသွားအောင် ချပြချင်တယ်လို့ ဆိုပါတယ်။

ခြုံငုံပြောရရင်တော့ Action Drama ကိုပိုအားသာပြီး ရိုက်ရတာသဘောကျပါတယ်လို့ ခါရာက Interview တစ်ခုမှာဖြေထားပါတယ်။ အခုနောက်ပိုင်းရိုက်ဖြစ်တဲ့ ဇာတ်ကားလေးတွေကလဲ Action Drama တွေများပါတယ်။ အဓိက Action ပိုင်းရိုက်ရတာ ပိုသဘောကျတယ်လို့ဆိုပါ တယ်။ တကယ့်ကို Fighting Man ပဲနော်။ အခက်အခဲဆိုရင်တော့ Heavy Drama တွေလုပ် တဲ့အခါ စိတ်ပင်ပန်းရတဲ့အခက်အခဲလေးတွေရှိပါတယ်တဲ့။

အရမ်းကိုစိတ်နှစ်ပြီး ဇာတ်ရုပ်ထဲ ကိုယ်ကမျောပါသွားတဲ့အချိန်မှာ Mood အပြည့်ဝင်ပြီး ပူဆွေး ဝမ်းနည်း ကြွေကွဲ ပုံစံတွေကို သဏ္ဍာန်လုပ်သရုပ်တူရတဲ့အခါ ပတ်ဝန်းကျင် အနှောက်အယှက် တွေရှိလာရင် အဆင်မပြေနိုင်ပါဘူးလို့လဲဆိုပါတယ်။ Action ပိုင်း တွေမှာကျ ရာသီဥတုပူလို့ ချွေးထွက်တာနဲ့ နည်းနည်းပါးပါး ထိမိခိုက်မိတာလေးတွေက လွဲရင် ထူးထူးခြားခြား ပင်ပန်း တာမျိုး မရှိပါဘူးလို့လဲဆိုပြန်ပါတယ်။

Action Drama ပိုင်းကိုပိုပြီးဦးစားပေးပြီးလုပ်ဖြစ်မှာဖြစ်ပါတယ်တဲ့။ ပရိတ်သတ်တွေအကြိုက် ကိုဖန်တီးတာမဟုတ်ပဲ ကိုယ်ပိုင်အနုပညာကိုဖန်တီးတာဖြစ်တဲ့အတွက် ပရိတ်သတ်တွေ လက်ခံပေးရင် အဆင်ပြေပြီလို့ပြောပါတယ်။ ပရိတ်သတ်တွေရဲ့အဖြေကိုပဲ စောင့်စားနေတာ ပါတဲ့။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ခါရာရဲ့ Dimension ဆိုတဲ့ရုပ်ရှင်ကား ဟာလဲ မကြာခင်မှာရုံတင်တော့မှာဖြစ်ပါတယ်။ ခါရာရဲ့ပထမဆုံး Action ကားကြီးဖြစ်တဲ့အတွက် အများကြီးကြိုးစားပြင်ဆင်ထားရတာကြောင့် ပရိတ်သတ်တွေကလဲ အားပေးကြပါဦးတဲ့။ ကဲ အားပေးလိုက်ပါဦး ပရိတ်သတ်ကြီးရေ။

Source from Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။