နာမည်ကျော်ဟောလီးဝုဒ်ကြယ်ပွင့်များဟာ အနုပညာပေါင်းကူးကြရင်း အဆိုတော်မှ သရုပ်ဆောင် သရုပ်ဆောင်မှ အဆိုအဖြစ်သို့ ပါပူးတွဲလုပ်ကိုင်လြဲကပါတယ်။ ထိုအထဲမှာမှ သရုပ်ဆောင်ဘ၀မှ အဆိုတော်အဖြစ်ပြောင်းလဲလာကြသူများကိုတင်ပြပေးလိုက်ရပါတယ်။

လင်ဆေးလိုဟန်

သူမဟာအသက် ၃နှစ်အရွယ်ကတည်းကင်မရာရှေ့ မှာစတင်သရုပ်ဆောင်ခဲ့ တာလည်းဖြစ်ပါတယ်။ Mean Girl စတားသူမဟာ သူမရဲ့ ပထမဆုံးဆိုလိုအယ်ဘမ် 2004 ခုနှစ်မှာထွက်ရှိခဲ့ တဲ့ Spark နဲ့ အောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။ 

စကားလက်ဂျိုဟန်ဆန်လ်

Blackwido လို့ လူသိများတဲ့ သူမဟာ Anywhere I Lay My Head နဲ့ 2008မှာပွဲဦးထွက်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ 

ဂျနီဖာလိုပက်ဇ်

ဂျေလိုလို့ လူသိများတဲ့သူမဟာ သူမရဲ့  First Single သည်၁၉၉၉ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။အနုပညာမှာဘက်စုံပါရမီရှိသူလို့ တင်စားရလောက်သူဖြစ်ပါတယ်။နာမည်ကျော် TV SHOW ဖြစ်တဲ့  American Idol မှာလည်းဒိုင်အဖြစ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

မီလာဂျိုဗိုဘစ်ခ်ျ

သူမကိုမြင်တာနဲ့  Resident Evil ရုပ်ရှင်ကိုတန်းမှတ်မိကြမှာဖြစ်ပါတယ်။ဒါ့အပြင်သူမဟာ Final Destination ရုပ်ရှင်မှာလည်းပါဝင်ခဲ့ပါသေးတယ်။၁၉၉၄ခုနှစ်မှာ The Divine Comedy Album နောက်မှာတော့ Electric Sky နဲ့  Let you Go သီချင်းတွေကို MP3 Single အနေနဲ့ ထပ်မံထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။သူမဟာ Model အဖြစ်လည်းလုပ်ခဲ့ဖူးပါတယ်။ 

Source - Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။