ပြည်ထောင်စုု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ (၇၂) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး သို့ ပေးပို့သော သဝဏ်လွာတွင် ကုလသမဂ္ဂအဖွဲ့ကြီး ၏ ကမ္ဘာငြိမ်းချမ်းရေးနှင့် အားလုံး သာတူညီမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရာတွင် အောင်မြင်မှု ရရှိစေရန် ဆုမွန်ကောင်းတောင်းကြောင်း ပေးပို့ခဲ့ ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်လာချိန်မှ စပြီး ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင် ရွက်ရေးကို နိုင်ငံခြားရေး အခြေခံ အုတ်မြစ် အဖြစ် သတ်မှတ်ထားကြောင်း၊ အစိုးရအနေဖြင့်လည်း ကုလသမဂ္ဂ ပဋိညာဉ်ပါ ရည်ရွယ်ချက်များ အခြေခံမူများ ကိုယုံကြည်ကြောင်း၊ တိုင်းပြည်၏ လူမှု အကျိုး စီးပွားတိုးတက်ရေးအတွက် ကုလသမဂ္ဂ အဖွဲကြီး နှင့် ဆက်လက်လက်တွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ သက်တမ်းနုနယ် သော နိုင်ငံ ဖြစ်သည့် အလျှောက် စိန်ခေါ်မှု များစွာ ရင်ဆိုင်နေရသည့် အပြင် စိန်ခေါ်မှု များကို အောင်မြင်စွာ ဖြေရှင်းကျော်လွားနိုင်ရေး အတွက် မိတ်ဖက်နိုင်ငံ များ၏ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုများဖြင့် မဆုတ်မနစ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကိုလည်း ဖော်ပြထားပါသေးတယ်။

Source – Myanmar President Office

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။