အဂါၤနေ့ည ၁နာရီ ၁၅ မှာ ယှဉ်ပြိုင်မဲ့ EFL Cupပြိုင်ပွဲ Round 4 မှာ မန်စီးတီးအသင်းဟာ ဝုဗ်ဗာဟန်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ Round 3 မှာ ဝက်ဘရွန်းအသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဝုဗ်အသင်းကတော့ Round 3 မှာ ဘရစ္စတိုးအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့နောက်ဆုံးငါးပွဲမှာတော့ ရာနူန်းပြည့် ငါးပွဲလုံး အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။ဝုဗ်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝုဗ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ငါးကြိမ်မှာ ငါးကြိမ်လုံးရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။ယခုလက်ရှိမန်စီးတီးအသင်းရဲ့ တိုက်စစ်လက်နက်ကတော့ ဝုဗ်အသင်း တောင့်ခံဖို့အင်အားရှိနိုင်မယ်မထင်ပါဘူး။ 

မန်စီးတီးအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ စတာလင်း၊ ဆာနေး၊ ဂျီဆပ်၊ ယာယာတိုရေး၊ ဂန်ဒိုဂမ်၊ ဆေးဗာလ်း တို့ကို ပွဲထုတ်အသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဝုဗ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကော်စတာ၊ ကာဗာလီရို၊ ဂျော်တာ၊ ဒိုဟာတီ၊ နီဗက်၊ ဆက်စ်၊ ဒေါက်ဂလက်တို့ကို အသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။နောက်တဆင့်တတ်ရောက်ဖို့ သေချာသလောက်ရှိနေပြီ ဖြစ်တဲ့ မန်စီးတီးအသင်းကတော့ ဝုဗ်အသင်းကို ဘယ်နှဂိုးသွင်းယူသွားမလဲဆိုတာပဲ စောင့်ကြည့်သွားရဖို့ရှိနေတယ်ဗျာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။