ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခင်ဇာခြည်ကျော်က သူမရဲ့ လက်ဦးဆရာဖြစ်သူကို သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်..။ သီတင်းကျွတ်ကာလမှာ လူကြီးမိဘများနဲ့ ဆရာသမားများကို ဂါရဝတရားဖြင့် ကန်တော့ကြရာ သရုပ်ဆောင် မင်းသမီး အကယ်ဒမီ ခင်ဇာခြည်ကျော်ကလည်း သူ့ရဲ့ လက်ဦးဆရာဖြစ်သူကို သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်..။ ကျန်းမာရေး ချို့တဲ့နေတဲ့ သူမရဲ့ လက်ဦးဆရာဖြစ်သူ ကန်တော့ဖွယ်ပစ္စည်းများနှင့် သွားရောက်ကန်တော့ခဲ့တာ ဖြစ်ပါတယ်..

အောက်တိုဘာ(၂၃)ရက်နေ့က မင်းသမီး ခင်ဇာခြည်ကျော်က သူမရဲ့ လက်ဦးဆရာဖြစ်သူတွေကို သွားရောက်ကန်တော့ခဲ့ကြောင်း သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်..။ “ကျွန်မ ရဲ့လက် ဦးဆရာ ဘဘဦး ခင် ဇော် ( ကေ သီ ပန် ) နဲ့အန် တီ ဒေါ် လှ လှ မြတ် ကို သွား ရောက် ကန် တော့ ခဲ့ ပါ တယ်!! ?? ?? ” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။ ထို့ပြင် သူမရဲ့ အဖေ အမေလို လေးစားချစ်ခင်ရတဲ့ ပန်းချီ ဦးစိုးမိုးနဲ့ ဒေါ်တင်တင်ညို တို့ကိုလည်း ဂါရဝပြု သွားရောက်ကန်တော့ခဲ့တယ်လို့ သိပါတယ်..။ “ဆရာ သမား လည်းဟုတ်...အ ဖေ , အ မေ လို ပါ လေးစားချစ် ခင် ရတဲ့ ဆရာ ပန်းချီ ဦးစိုးမိုး နဲ့အန် တီ ဒေါ် တင် တင် ညို ကို လည်း ကန် တော့ ခဲ့ ပါ တယ်...!! ?? ?? ” လို့လည်း ရေးသားထားတာ တွေ့ရပါတယ်...။

သရုပ်ဆောင်မင်းသမီး အကယ်ဒမီ ခင်ဇာခြည်ကျော်ဟာ “ငါသူတစ်ပါး ယောကျာၤး မိန်းမ” ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး ခင်ဇာခြည်ကျော်ဟာ အချိန်တစ်ခုအထိ အနုပညာလောကနဲ့ ဝေးကွာခဲ့ပြီး သားနဲ့၊ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ မိသားစုဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အနုပညာအလုပ်များကို ပြန်လည် လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားများလည်း ပြန်လည်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများရိုက်ကူးနေပြိး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။