ရွှေမှုန်ရတီဟာ သူမချစ်သူ နှင့်အတူလက်တွဲလာတာကြာပါပြီ သူတို့နှစ်ယောက်ပြတ်သွားကြပြီလား.....

ရွှေမှုန်ရတီမှာ ချစ်သူရှိတယ်ဆိုတာ တရားဝင်မပြောသေးသော်လည်း သူ့ပရိသတ်တွေကတော့ ဘယ်သူလဲဆိုတာသိနေကြပါပြီ။ တွဲလာတာလဲတော်တော်ကြာပြီဖြစ်တဲ့အပြင် အမြဲတမ်းသူမ ခံစားချက်တွေကို လူမှုကွန်ရက်ပေါ်တင်လေ့ရှိတဲ့ ရွှေမှုန်ရတီဟာ သူမ ရဲ့ ပုံတွေတင်တိုင်း မှာ I miss u Mg တို့ lovehim တို့တွဲတင်နေကြပါ။ ဖေ့ဘွတ်မှာသာမက instagram မှာပါ ဓာတ်ပုံတွေ တော်တော်များများမှာတွေ့နိုင်ပါတယ်။

Instagram မှာဆိုရင် comments တွေထဲမှာ သူတို့နှစ်ယောက် အပြန်အလှန်စကားပြောထားတာတွေရှိတော့ သေချာသလောက်ရှိပြီပေါ့နော်။ နာမည်ကိုတော့ အောင်ထူးပိုင်လို့ သိရှိရပြီး ရွှေမှုန်ရတီထက်တော့ အသက် ဆယ်နှစ်ကျော်ကြီးမယ်လို့ခန့်မှန်းရပါတယ်။ အလုပ်အကိုင်ကိုတော့မသိရသေးပါ။ ရွှေမှုန်ရတီဟာ ပြီးဆုံးသွားပြီ The End ဆိုပြီး အသဲကွဲတဲ့ emoji နှင့် အတူ မျက်ရည်ကျနေတဲ့ သူမပုံလေးနှင့် တင်ခဲ့တဲ့အခါမှာတော့ သူမ ပရိသတ်တွေဟာ သူတို့နှစ်ယောက်ကွဲသွားကြပြီလားလို့ ထင်ကြပါတယ်။ ထို့အပြင် ရုပ်ရှင်ရိုက်တာပြီးသွားလို့ ငိုထားတာလားဆိုပြီးတော့လည်း ချီးကျူကြပါသေးတယ်။

ချစ်ချစ်နှင့် ပြတ်သွားပြီလို့ ထင်နေကြတဲ့သူများနေလို့လားတော့ မသိ ရွှေမှုန်ရတီဟာ သူတို့နှစ်ယောက်ချစ်နေပါသေးတယ်ဆိုပြီး စုံတွဲလက်စွပ်ဝတ်ထားပြီး လက်ချင်းကိုင်ထားတဲ့ပုံကိုတင်ကာ ပြောပြထားပါတယ်။ We are together ဆိုပြီး ပြောထားပြီး ထိုသူကလည်း အရမ်းချစ်တယ်ဆိုပြီး ပြန်တုန့်ပြန်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ ထို စုံတွဲရွှေလက်စွပ်ကို ဇူလိုင်လထဲကစပြီး ဝတ်ဆင်ထားခဲ့ကြတာပါ။ ချစ်ဖို့တော့ကောင်းပါတယ်လေ နှစ်ယောက်စလုံး ကြာရှည်စွာ လက်တွဲခိုင်မြဲနိုင်ပါစေ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။