အခုခေတ် မိန်းကလေး ၉၅% က မိတ်ကပ်ကို အသုံးပြုကြပါတယ်။ အမြဲတမ်းမိတ်ကပ်လိမ်းနေကျသူတွေက မိတ်ကပ်မလိမ်းဘဲနေရမှာ အနေခက်တတ်ပါတယ်။ အနည်းဆုံးတော့ နှုတ်ခမ်းနီလေးဆိုးရမှ မျက်လုံးမှာ လိုင်နာလေးထည့်လိုက်ရမှ ယုံကြည်ချက်အပြည့်အဝရှိတယ် လို့ ထင်မှတ်ကြပါတယ်။ မိတ်ကပ်လိမ်းခြယ်ခြင်းက အမျိုးသမီးတွေအတွက် လှတယ် ကြည့်ကောင်းတယ် ဆိုပေမဲ့ တစ်နေကုန်နီးပါ နှစ်ရှည်လများ လိမ်းခြယ်လာတဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စိတစ်ဝိုက်အရေးအကြောင်းပေါ်ခြင်း

မိတ်ကပ်လိမ်းတဲ့အခါအောက်ခံဖောင်ဒေးရှင်းကအလွန်အရေးကြီးတဲ့အစိတ်အပိုင်း တစ်ခုပါ။ မျက်စိတစ်ဝိုက်ကအသားအရေက အလွန်ပါးလွှာတဲ့အတွက အဲဒီနေရာကိုမိတ်ကပ်ဖိပြီး လိမ်းတာက အသားအရေကို အလွယ်တကူ ပျက်စီးစေနိုင်ပါတယ်။ 

(၂) မျက်တောင်ကျွတ်စေနိုင်ခြင်း

မျက်တောင်ကော့ဆေးကို နေ့စဉ်အသုံးပြုဖန်များတဲ့သူတွေမှာ မျက်တောင်မွှေးများက မာပြီး ကျွတ်ဆတ်သွားပါတယ်။ ဒါကြောင့်မျက်တောင်မွှေး ကျွတ်လွယ်တဲ့အတွက် မျက်တောင်ကော့ဆေး ကိုတစ်ခါတစ်ရံမှ အသုံးပြုပါ။

(၃) မျက်စိအတွင်းရောဂါပိုးဝင်ခြင်း

မျက်တောင်ကော့ဆေးနဲ့အိုင်းရှဲဒိုးတွေက မျက်လုံးကိုယားယံတာနဲ့ မျက်စိအတွင်း ရောဂါပိုးဝင်တာတွေ ဖြစ်စေနိုင်တာကြောင့် မျက်စိစွံတာနဲ့မျက်လုံးမှာ အဆီကျိတ် ဖြ စ်ပေါ်နိုင်ပါတယ်။

(၄) အရေပြားခြောက်သွေ့ခြင်း

မိတ်ကပ်ကအရေပြားကို ခြောက်သွေ့စေတဲ့အတွက် အသားအရေ ကြမ်းတမ်းစေနိုင်ပါတယ်။ 

(၅) အရေပြားမှ collagen များပျက်ဆီးခြင်း

အရေပြားပေါ်မှ collagen များပျက်ဆီးသွားတာကြောင့် အရေးကြောင်းနဲ့ အသားအရေတွန့်တာတွေ ဖြစ်ပေါ်လာနို်င်ပါတယ်။

(၆) အရေပြားတွဲကျခြင်း

မိတ်ကပ်ကအရေပြားရဲ့တစ်သျူးတွေကိုဖျက်ဆီးနိုင်တဲ့အတွက်အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင် အားလည်း လျော့ကျသွားပြီး ရှိရင်းစွဲ အသက်ထက် ပိုမိုအိုမင်းတဲ့ပုံပေါက်သွားပါတယ်။

(၇) မွှေးညင်းပေါက်ကျယ်ခြင်း

မိတ်ကပ်ရဲ့အကြွင်းအကျန်တွေကမွှေးညင်းပေါက်အတွင်း ကျန်ရှိနေနိုင်တာကြောင့် မွှေးညင်းပေါက်လေးတွေ ကျယ်ပြီး ၀က်ခြံပေါက်တဲ့ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ 

(၈) နှုတ်ခမ်းခြောက်သွေ့ခြင်း

နှုတ်ခမ်းနီကို ထပ်ခါတလဲလဲဆိုးတဲ့သူတွေရဲ့ နှုတ်ခမ်းဟာအမြဲတမ်း ခြောက်သွေ့နေပြီး နှုတ်ခမ်းအရောင် မည်းနေတတ်ပါတယ်။

ဒီလိုမဖြစ်ရလေအောင် မိတ်ကပ်နှင့် ဆက်စပ်ပစ္စည်းများကို စိတ်ချရသော brand များ ရွေးချယ်သုံးစွဲခြင်း၊ သဘာဝ နည်းလမ်းများဖြင့် မျက်နှာပေါင်းတင်ခြင်း၊ လိုအပ်လျှင် ဆရာဝန်နှင့် ကုသ တိုင်ပင်ခြင်း၊ ရုံးပိတ်ရက် နှင့် အိမ်မှာနေသော ရက်များတွင် မိတ်ကပ် မလိမ်းခြယ်ခြင်း … စတာတွေကို သတိထားပြီး လုပ်ပေးသင့်ပါတယ်။

Credit:အာရောဂျံ Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။