မှန်းချက်နဲ့နှမ်းထွက်ကိုက်မှာလားမြန်မာယူ-19

ပြီးခဲတဲ့AFF Championship မှာမြန်မာယူ-19တွက်ရေး

ကစက်သူဌေးဖြစ်ခဲ့ပေမယ့်အခြေအနေမလှခဲ့။ဗိုလ်စွဲဖို့

ရည်မှန်းထားခဲ့ပေမယ့်တတိယလုပွဲမှာတောင်အက်ဂီတို့

ရဲ့အင်ဒိုအသင်းကိုအရှက်တကွဲအရေးနိမ့်ခဲ့ရပါတယ်။

ပွဲမတိုင်ခင်ကမြန်မာတိုက်စစ်မှူးဝင်းနိုင်ထွန်းအင်တာဗျူး

တစ်ခုမှာပြောဖူးပါတယ်။မြန်မာအသင်းရဲ့ရည်မှန်းချက်က

AFFမှာဗိုလ်စွဲရန်နဲ့အာရှခြေစစ်ပွဲအောင်ရန်ဖြစ်တယ်လို့သူ

ပြောဖူးပါတယ်။ပထမရည်မှန်းချက်ကတော့ရေစုန်မျော

ခဲ့ရပြီ။

ဒုတိယရည်မှန်းကိုရောအမှန်တကယ်ဖြစ်လာအောင်

စွမ်းဆောင်ပေးနိုင်မှာလားဝင်းနိုင်ထွန်း။ယခုအာရှ

ခြေစစ်ပွဲမှာမြန်မာနဲ့အတူတရုတ်၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယား

တို့ပါဝင်ပါတယ်။ဒီနေ့နေ့လည်သုံးနာရီမှာဖိလစိပိုင်နဲ့မြန်မာတို့

ကစားကြတော့မည်။ဒီပွဲကမြန်မာနည်းပြသစ်ဦးချစ်နိုင်

ဘယ်လောက်လုပ်နိုင်မလဲစတင်အကဲခတ်ခွင့်ရမည့်ပွဲပင်။

ဂျပန်ခြေစမ်းပွဲသုံးပွဲကတော့ဂိုးပြတ်တွေကြီးပဲရှုံးလာတယ်။

အခုရောဘယ်လိုခြေစွမ်းနဲ့ဖိလစ်ပိုင်ကိုရင်ဆိုင်မလဲ။

ဝင်းနိုင်ထွန်းတို့ရဲ့အသင်းရဲ့အဓိကအားနည်းချက်က

သက်လုံလို့ပြောလို့ရပါတယ်။မိနစ်ခြောက်ဆယ်ကျော်ရင်

သက်လုံကျသွားခြင်းကသူတို့အသင်းရဲ့မဟာအားနည်းချက်

ဖြစ်ပါတယ်။ဘန်လာဘီလက်ထက်ကမြန်မာအသင်းနည်း

စနစ်ပိုင်းကိုပိုးစိုးပက်စက်ဝေဖန်ုကတာကြုံခဲ့ရပါတယ်။

ယခုဦးချစ်နိုင်ကရော။ဦးချစ်နိုင်ကစီးတီးရန်ကုန်အသင်းရဲ့

နည်းပြဖြစ်ပြီးလှပတဲ့ကစားကွက်တစ်ခုကိုတည်ဆောက်ထား

သူလို့နာမည်ကြီးနေသူပါ။အခုမြန်မာအသင်းကိုရော

ပရိသတ်တွေသဘောကျမယ့်ကစားကွက်တစ်ခု

သူတည်ဆောက်ထားပြီလား။ယနေ့နေ့လည်သုံးနာရီတွင်

စောင့်ကြည့်ကြရအောင်။

source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။