မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲကဓား”ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးဖို့ ပရိသတ်များကို ဖိတ်ခေါ်လိုုက်ပါတယ်..။ လက်မှတ်များကိုလည်း ကြိုတင်လက်မှတ်လေးတွေ ဖြတ်ပေးနေပြီး ဖြစ်ကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးထားပါတယ်..။ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားဟာ အိမ်ထောင်ရေး ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်..။

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ(၂၇)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်..။ ပြည်သူချစ် မင်းသမီးချော အိန္ဒြာကျော်ဇင်က သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလိုရေးသား ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်..။ “ရင်ဘတ်ထဲကဓား ပရိတ်သတ်ကြီးရေ......

၂၇.၁၀.၂၀၁၇ ရက်နေ့အတွက် ကြိုတင်လက်မှတ်လေးတွေ ဖြတ်နေကြပီနော်...

လက်မှတ်မရလိုက် မရှိရလေအောင် ကြိုတင် bookingလေးတွေလုပ်ပီး "ရင်ဘတ်ထဲကဓား" ကို အားပေး ဝေဖန်ပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ရှင့်...” လို့ ရေးသားထားတာ ဖြစ်ပါတယ်.

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးကို ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချီမှာ ဖြစ်ပြီး ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်..။ သရုပ်ဆောင်များအနေနဲ့ကတော့ ပြေတီဦး၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မြတ်ကေသီအောင်၊ မေကဗျာ၊ နေဆန်း တို့ ပါဝင်သရုပ်ဆောင်ထားပြိး အခြားအနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ အဲ့ဒီဇာတ်ကားမှာတော့ အိန္ဒြာကျော်ဇင်ဟာ “လရိပ်ဝေး” ဇာတ်ကောင်ကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးဟာ အိမ်ထောင်ရေးဒရမ်မာဇာတ်ကားလေးဖြစ်ပြီး အိမ်ထောင်ရှင်တွေအတွက် massage ပေးတဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။