လူအများစုက ရောဂါလို့ ကြားလိုက်တာနဲ့ ထိတ်လန့်တကြားနဲ့ ကူးစက်မှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ ရောဂါ အများစုက ကူးစက်တတ်သလို မကူးစက်နိုင်တဲ့ ရောဂါများလည်း အများကြီး ရှိပါတယ်။ မျိုးရိုးဗီဇကြောင့် မဟုတ်ဘူးဆိုရင်တော့ အောက်ဖော်ပြပါ ရောဂါတွေက မကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

မကူးစက်နိုင်သည့် ရောဂါများထဲတွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ၊ လေဖြတ်ရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ စသည့်ရောဂါတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မကူးစက်နိုင်တာတဲ့ ရောဂါများကြောင့် သေဆုံးသူ ရာခိုင်နှုန်းမှာ တခြားကူးစက်သည့်ရောဂါများဖြစ်ကြတဲ့ HIV, TB, MALARIA, DIARRHOEA အစရှိသည့်ရောဂါများအားလုံးထက်ပင် ပိုများနေပါတယ်။ ဒါ့ကြောင့် တခြားသူဆီက ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ပေမဲ့ ကိုယ့်မှာသာ ဒီလိုရောဂါတွေ ဖြစ်နေပြီဆိုရင် မပေ့ါဆဖို့၊ ဆေးကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။ 

မကူးစက်နိုင်သည့်ရောဂါများအနေဖြင့် ရောဂါလက္ခဏာပြရန်လည်း တစ်ခါတစ်လေမှာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ ကာကွယ်နိုင်မဲ့ နည်းလမ်းများအနေဖြင့်တော့ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးဗဟုသုတများ လိုက်စားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းနှင့် အစားအသောက်အား ဂရုစိုက် စားသုံးခြင်းတို့က အထိရောက်ဆုံးသော ကြိုတင်ကာကွယ်နည်းများ ဖြစ်ကြပါတယ်။ 

မကူးစက်နိုင်တဲ့ ရောဂါတွေကို ဖြစ်နိုင်ချေအများဆုံး သူတွေကတော့ -

- အရက်နှင့် ဆေးလိပ်ကို စွဲမြဲစွာသောက်သုံးသူများ

- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ

- အထိုင်များသူများ

- သွေးတိုးရောဂါရှိသူများ

- ပုံမှန်ရှိသင့်သည့် ကိုယ်အလေးချိန်ထပ် ပိုများနေသူများ၊ အဝလွန်သူများ

- အဆီအဆိမ့်ကြိုက်သူများ

- ကျန်းမာရေးနှင့်ညီညွတ်စွာ မစားသောက်သူများ

- ကိုယ်ခံအားနည်းသူများ

- အိပ်ရေးပျက်လွန်းသူများ

ဒါ့ကြောင့် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ သူစာရင်းမှ မဝါ၀င်စေရန်နှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို လိုက်နာကြပြီး ကျန်းမာ ချမ်းသာသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်

Credit: WHO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။