ဆွစ်ဇာလန်နိုင်ငံရှိ ကျေးရွာတစ်ရွာမှာ အသက် ၁၇ နှစ်အရွယ်ဆယ်ကျော်သက် လူငယ်တစ်ဦး ပုဆိန်ကိုင်ပြီး ရမ်းကားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ထိုဆက်ကျော်သက်လူငယ်တစ်ဦးကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ထိုဆယ်ကျော်သက်လူငယ် ရဲ့နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး

ပုဆိန်ကိုင်ပြီးရမ်းကားတဲ့ ထိုဆယ်ကျော်သက်လူငယ်ကြောင့် ရွာထဲမှာရှိကြတဲ့ လူတော်တော်များများ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ The Sun သတင်းတစ်ပုဒ်ကဖော်ပြထားခဲ့တာလည်းဖြစ်ပါတယ်။ထိုလူငယ်ဟာ တစ်ကိုယ်တော်ရမ်းကားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်တစ်ယောက်ရှိတဲ့ မိသားစုတစ်စုကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားတာလည်းဖြစ်ပါတယ်။

ထိုဆယ်ကျော်သက်လူငယ်ဟာ ဓာတ်ဆီဆိုင်တစ်ဆိုင်ရဲ့အနီးနားမှာရှိတဲ့ မော်တော်ဆိုင်ကယ်သမားတွေကို ပုဆိန်ကိုင်ပြီး တိုက်ခိုက်နေချိန်မှာ ရဲတွေက တွေ့ရှိပြီး လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေနတ်ဒဏ်ရာရရှိသွားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့ ရမ်းကားရတဲ့ ကိစ္စကို စုံစမ်းနေလျက်ရှိပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးတာလည်းဖြစ်ပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။