တေးရေး အဆိုတော် ယုန်လေးဟာ ပြည်သူ့အချစ်တော် မြင့်မြတ်ကို ချီးကျူးစကား ဆိုခဲ့ပါတယ်..။ အောက်တိုဘာ(၂၃)ရက်နေ့က “ကိုးရိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးမှာ မသန်စွမ်းသူတစ်ယောက်ရဲ့ ကာရိုက်တာမျိုးသရုပ်ဆောင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်..။ ထိုဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးချိန် သရုပ်ဆောင်မြင့်မြတ်မှ မန်စွမ်းသူများကို ကူညီနေတဲ့ ပုံနဲ့ ပတ်သက်ပြီး သူငယ်ချင်း ဖြစ်သူကို ချီးကျူး စကား ဆိုလိုက်တာ ဖြစ်ပါတယ်..။

အောက်တိုဘာ(၂၃)ရက်နေ့က အဆိုတော် ယုန်လေးက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ ကူညီပေးနေတဲ့ မြင့်မြတ်ရဲ့ ဓာတ်ပုံကို ဖော်ပြထားပြီး အခုလို ရေးသားထားပါတယ်..။ “ မြင့်မြတ်ဆိုတာ အဲ့လို.. သူ့စိတ်က ဖြူတယ် သူနဲ့ပက်သက်တဲ့လူတွေကို ကူညီဖို့အမြဲစဉ်းစားတယ်..။ မသန်စွမ်း မှ ဆိုင်ရာလူကြီးများ နှင့် ကို့ယို့ကားယား ဇာတ်ကား ကိစ္စ အတွက်ဒီနေ့မနက်ညှိနှိုင်း

ဆွေးနွေး ပွဲမှာကျွန်တော်လည်း ရောက်ခဲ့ပါတယ်..။ အားလုံး အဆင်ပြေသွားပါပြီ..

ဝမ်းသာကျအောင်တင်ပေးတာပါ..။” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

“ကိုးရိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆွေးနွေးညှိနှိုင်းမှု အပြီးမှာတော့ ပြန်လည် ပြင်ဆင်ပြီး ဆက်လက်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်..။ “ကိုးရိုးကားယား” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်နဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ အဲ့ဒီဇာတ်ကားမှာ မသန်စွမ်းသူ ကာရိုက်တာနဲ့ ကိုးရိုးကားယား သရုပ်ဆောင်ပြီး ဟာသအဖြစ်ရိုက်ကူးပြသမှုနဲ့ ပတ်သက်ပြီးတော့ မသန်စွမ်းသူများဘက်မှ ကန့်ကွက်မှုများ ရှိခဲ့တာ ဖြစ်ပါတယ်..။ “ကိုးရိုးကားယား” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇာတ်ကားနာမည်နဲ့ သရုပ်ဆောင်မှု ပုံသဏ္ဍာန်တွေကို ပြောင်းလဲရိုက်ကူးဖို့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ရိုက်ကူး ထုတ်လုပ်သူတွေ သဘောတူညီမှုရရှိခဲ့ပြီး ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။