မိန်းကလေး အများစုက ကိုယ်ဝန် ရှိ/ မရှိ စမ်းသပ်တဲ့ အခါမှာ အရင်ဦးဆုံးအနေနဲ့ ဆီးစစ်တံကို အသုံးပြုကြပါတယ်။ ပိုပြီး သေချာချင်တယ် ဆိုမှသာ သားဖွားမီးယပ် ဆရာဝန်များနှင့် ပြသတိုင်ပင်ကြပါတယ်။ ဒီလို ကိုယ်ဝန်ရှိ/ မရှိ စမ်းသပ်တဲ့ ဆီးစစ်တံကို ၀ယ်ယူဖို့အတွက် အနည်းငယ် ရှက်ကြောက် စိုးရွံ့ ကြပါတယ်။ ဒီလို အခက်အခဲ ရှိတဲ့ အမျိုးသမီးတွေ အတွက် ဆီးစစ်တံ မလိုဘဲ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ ကိုယ်ဝန်ရှိ/ မရှိ စမ်းသပ်လို့ ရတဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်း (၃) မျိုး ဖော်ပြထားတာမို့ အဆင်ပြေလွယ်ကူတဲ့ နည်းလမ်းကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။  

နည်းလမ်း (၁) သွားတိုက်ဆေးနှင့် ကိုယ်ဝန် ရှိ/ မရှိ စမ်းသပ်နည်း

အရင်ဆုံး ဆီးကို ခွက်တစ်ခွက်ထဲသို့ ထည့်ထားပါ။ အဖြူရောင်ရှိသော သွားတိုက်ဆေး အနည်းငယ်ကိုလည်း အခြားသော ခွက်တစ်ခွက်ထဲသို့ ထည့်ထားပါ။

ထို့နောက် ဆီး အနည်းငယ်ကို ဆေးထိုအပ်ပြွန်ဖြင့် ဖြစ်စေ၊ တစ်ခါသုံးဇွန်းနှင့် ဖြစ်စေ ယူပြီး သွားတိုက်ဆေး ထည့်ထားသော ခွက်ထဲသို့ ထည့်လိုက်ပါ။ သမအောင် မွှေပါ။ (လိုအပ်ခဲ့လျှင် ဆီးအနည်းငယ် ထပ်ထည့်ပါ။) ထပ်မံ၍ မွှေပေးပါ။

ထိုခွက်ထဲရှိ သွားတိုက်ဆေးများသည် အမြှပ်အနည်းငယ်နှင့် ပြာလဲ့လဲ့ ဖြစ်လာခဲ့လျှင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပါတယ်။

နည်းလမ်း (၂) ရှာလကာရည်နှင့် ကိုယ်ဝန်ရှိ/ မရှိ စမ်းသပ်နည်း

ရှာလကာရည် အနည်းငယ်ကို ခွက်ထဲ ထည့်ထားပါ။ ဆီးကိုလည်း ခွက်ထဲသို့ ထည့်ထားပါ။ ထို့နောက် ရှာလကာရည် အနည်းငယ်ကို ဆီးထဲသို့ လောင်းထည့်လိုက်ပါ။ နာရီအနည်းငယ် ကြာပြီးချိန်တွင် ဆီးခွက်သည် အစိမ်းရောင် သမ်းသွားလျှင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပါတယ်။ နဂိုအတိုင်းပဲ ဘယ်လို အရောင်မှ မပြောင်းဘူးဆိုရင်တော့ ကိုယ်ဝန် မရှိပါဘူး။ ဒါကတော့ အရမ်းကို လွယ်ကူ ရိုးရှင်းတဲ့ နည်းပဲ ဖြစ်ပါတယ်။  

နည်းလမ်း (၃) ချွတ်ဆေးဖြင့် ကိုယ်ဝန်ရှိ/ မရှိ စမ်းသပ်ခြင်း

ဆီးကို ခွက်ထဲ သို့ ထည့်ထားလိုက်ပါ။ ထို့နောက် ဆီးခွက်ထဲသို့ ချွတ်ဆေး အနည်းငယ် ထည့်ပါ။ ကိုယ်ဝန်ရှိနေတယ် ဆိုပါက ထိုဆီးခွက်ထဲရှိ ဆီးများသည် ဆူပွက်နေမှာဖြစ်ပြီး ကိုယ်ဝန် မရှိသော ဆီးဖြစ်ပါက အမြှုပ်အနည်းငယ်ဖြစ်ပြီး ဆူပွက်မှုအား အလွန်ပင် နည်းနေပါလိမ့်မယ်။

အဖြေတစ်ခုကို ပိုပြီး တိကျသေချာအောင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။ လိုချင်တဲ့ အဖြေဖြစ်စေ၊ မလိုချင်တဲ့ အဖြေဖြစ်စေ ဘယ်လို အဖြေမျိုးပဲ ရရ ပျော်စရာကောင်းတဲ့ ဘဝကို အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင် လျှောက်လှမ်းကြပါလို့ အကြံပြုရင်း သာယာလှပသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။