ဖိလစ်ပိုင်နိုင်ငံရဲ့ တက်တူးရှိုးပွဲမှာ လူငယ်လူရွယ်လေးတွေရဲ့ လက်မောင်းနဲ့လက်ဖျံတွေပေါ်မှာ ရိုးရာတက်တူးလှလှလေးတွေ ထိုးပေးနေတဲ့ အဘွားအိုတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဟာ အမြဲတမ်းမြင်တွေ့ရနိုင်တဲ့ မြင်ကွင်းတစ်ခုမဟုတ်နိုင်ပါဘူး။ဖိလစ်ပိုင်မြို့တော်မှာ ကျင်းပတဲ့ သုံးရက်ကြာ တက်တူးရ်ှိုးပွဲမှာ တက်တူးချစ်သူများက အဘွားအို အော်ဂေးဆီကို လာရောက် တက်တူးအထိုးခံကြတာလည်းဖြစ်ပါတယ်။အဘွားအို အော်ဂေးက တော့ တက်တူးလာရောက်အထိုးခံတဲ့ လူတွေရဲ့ လက်မောင်းပေါ်ကို မင်စုတ်တံ တေ့တင်ထားပြီး သစ်သားတူတံငယ်လေးနဲ့ လက်ငြိမ်ငြိမ်ရိုက်ပြီး တက်တူးအလှကို ရေးဆွဲပေးနေတာလည်းဖြစ်ပါတယ်။

အဘွားအို အော်ဂေးဟာ အသက် ၁၀၁ နှစ်ရှိပြီဖြစ်ပြီး ဖိလစ်ပိုင်က ခန္ဓာကိုယ် ဆေးခြယ်အနုပညာ မြတ်နိုးသူတွေကြားမှာတော့ အထင်ကရ ဆေးမင်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။အဘွားအိုဟာ တက်တူးထိုးရာမှာ မီးသွေးနဲ့ရေကို ရောနှောထားတဲ့ သဘာဝမှင်ကို အရိုးတပ်စုပ်တံနဲ့ လူ့အရေးပြားမှာ ထိုးပေးတာဖြစ်ပေမဲ့ ရိုးရိုးထိုးခြင်းတော့မဟုတ်ပါဘူး။သူဟာ စုပ်တံကို သစ်သားတူတံငယ်နဲ့ ထုနှက်ပြီး ထိုးထိုးပေးသွားတာဖြစ်ပါတယ်။အဘွားအို ထိုးပေးတဲ့ တက်တူးပုံစံကတော့ သူတို့လူမျိုးတွေရဲ့ ရိုးရွာတွေကို အခြေခံတဲ့ ကိုယ်ပိုင်အနုပညာကို ဆေးမင်စုပ်ထိုးပေးတာလည်းဖြစ်ပါတယ်။

ရှိုးပွဲလာတဲ့ လူတွေတိုင်းကတော့ အဘွားဆီမှာပဲ လာရောက်မထိုးကြပါဘူး။ဘာကြောင့်လဲဆိုတော့ အထိုးခံသူတွေဟာ များပြားလွန်းတာကြောင့် စောင့်ရတာ စိတ်မရှည် ကြလို့ပဲဖြစ်ပါတယ်။အဘွားအို အော်ဂေးဟာ သူရဲ့ တက်တူး အနုပညာလက်ရာအတွက် တစ်လက်မအရှည်ကို ပီဆို ၃၀၀ (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ) ပေးရပါတယ်။ဒီအဖိုးအခဟာ တစ်ခြားဆေးမင်ပညာရှင်တွေထက် များစွား များနေပေမဲ့ အဘွားလက်ရာကို ကြိုက်နှစ်သက်သူတွေကတော့ ငွေကြေးကုန်ကျခံပြီး ထိုးနေကြတာလည်းဖြစ်ပါတယ်။အဘွားအို အော်ဂေးရဲ့ နေထိုင်ရာရွာမှာ သွားရောက်တက်တူးအထိုးခံမယ်ဆိုရင်တော့ စနေ ၊ တနင်္ဂနွေ နေ့သာ ရွေးချယ်သွားဖို့လိုပါတယ်။ဘာကြောင့်လည်းဆိုတော့ သူဟာ တစ်ခြားနေ့တွေမှာ ၈ ယောက်ထက်ပို မထိုးပေးတာဖြစ်ပြီး စနေ တနင်္ဂနွေ ဆိုရင်တော့ သက်မှတ်ထားတာထက် ပိုပြီး ထိုးပေးလို့ဖြစ်ပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။