မြင့်တက်လာသောအပူရှိန်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တီဂို မှာရှိသောဒါဇင်နှင့်ချီသည့်ကျောင်းတွေဟာ ပိတ်လိုက်ရပါတယ်။

ယခုတစ်ပတ်အတွင်းအပူချိန်မြင့်မားမှုဟာအနီရောင့်အဆင့်ထိသတ်မှတ်ထားရတာပါ။အပူချိန်မြင့်မားမှုကြောင့်ကျောင်းသားတွေကို တနင်္လာနေ ့နဲ ့အင်္ဂါနေ ့တွေမှာတောင် ကျောင်းစောစောပြန်လွှတ်ရပါတယ်။

အပူချိန်ဟာ ကမ်းခြေတစ်လျှောက်မှာ ၉၀ဒီဂရီထိရှိနေပြီး ကုန်းတွင်းပိုင်းမှာတော့ ၁၀၀ဒီဂရီ ထိရှိနိုင်မယ်လို ့ခန် ့မှန်းချက်ထားပါတယ်။လေတိုက်နှုန်းဟာလည်းပြင်းထန်လှပါတယ်။ပြီးခဲ ့သော တနင်္ဂနွေနေ ့မှာတစ်နာရီ၁၅မိုင် ကနေ မိုင်၃၀အထိတိုက်ခတ်ခဲ့ပြီး ညနေပိုင်းမှာတော့ တနာရီ မိုင် ၂၀ ကနေ ၃၀ အထိဖြစ်လာခဲ့ပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်န ဲ့ တောင်ကြားဒေသများအတွက် တနင်္လာနေ ့မနက်၁၀နာရီမှ အင်္ဂါနေ ့ည၈နာရီအထိအကျိုးသက်ရောက်နိုင်ကြောင်းအပူချိန်မြင့်မားမှုသတိပေးချက်များအနေဲ ့ကြေညာထားပါတယ်။ဒါ့အပြင် လေတိုက်နှုန်းမြင့်မှုနှင့် အပူလှိုင်းများကြောင့် တောမီးလောင်မှုများဖြစ်စေနိုင်တဲ့အခြေအနေများလည်းရှိကြောင်းပြောကြားထားပါတယ်။ 

Source - cbsnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။