ဗုဒ္ဓဟူးနေ့ ည၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ စပါးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ Round 3 မှာ ဘန်စလေ အသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းကတော့ Round 3 မှာ ဘော်တန်အသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ရာသီအစက လူအင်အားတွေဖြည့်တင်းထားခဲ့ပေမဲ့ ထင်မှတ်ထားသလောက် ရလဒ်တွေ မကောင်းနေတာလည်းဖြစ်ပါတယ်။ 

စပါးအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လော်ရန်တေး၊ ဆွန်ယောင်မင်း၊ အလီ၊ ဆစ်ဆိုခို၊ ဒိုင်ယာ၊ ဟယ်ရီဝင့်ခ်၊ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်း အသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဆာခို၊ အယူး၊ နိုဘယ်၊ ဖာနန်ဒက်၊ လန်ဇီနီ၊ အန်တိုနီယို တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ တိုက်စစ်ကို ဝက်စ်ဟမ်းအသင်းဟန့်တားဖို့အခက်တွေ့နေမှာ အမှန်ပါပဲ။နောက်တဆင့်တတ်ရောက်ဖို့အတွက် စပါးအသင်း ဝင်ဘာလေ ကွင်းမှာ နိုင်ပွဲရယူသွားနိုင်မှာပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။