အာရှဖလားသို့ပထမခြေလှမ်း


မြန်မာအသင်းဟာဖိလစ်ပိုင်ကိုဂိုးပြတ်သွင်းမှရမှာမို့

ပွဲစကတည်းကဖိလစ်ပိုင်ကိုဖိကစားခဲ့ပါတယ်။ပွဲအစမိနစ်

တွေမှာဖိလစ်ပိုင်ကအပြန်အလှန်ကစားနိုင်ခဲ့ပေမယ့်လည်း

အချိန်ကြာလာတာနဲ့အမျှမြန်မာအသင်းကဘောလုံးပိုင်ဆိုင်မှု

အသာစီးနဲ့ဖိကစားထားခဲံပါတယ်။ဘန်လာဘီနဲ့မတူတဲ့ကစား

ကွက်တစ်ခုကိုဦးချစ်နိုင်အသုံးပြုခဲ့ပြီးအထောင်တိုက်စစ်မှူး

ဝင်းနိုင်ထွန်းကိုအလယ်ဝင်ဆော့ခိုင်းခဲ့ပါတယ်။ဦးချစ်နိုင်ရဲ့

ကစားကွက်မှာမြတ်ကောင်းခန့်နဲ့လွင်မိုးအောင်ဟာ

Key Playersတွေအဖြစ်ကစားခဲ့တာကိုတွေ့ရပါတယ်။

မန်မာအသင်းအတွက်ဦးဆောင်ဂိုးကိုမြတ်ကောင်းခန့်

ပေးပို့မှုကနေတဆင့်အသင်းခေါင်းဆောင်စိုးမိုးကျော်

ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ဒုတိယဂိုးကိုတော့

မြတ်ကောင်းခန့်သူကိုယ်တိုင်ပဲကန်သွင်းရယူသွားခဲ့ပါတယ်။

မြတ်ကောင်းခန့်ရဲ့ကန်သွင်းချက်နှစ်ကြိမ်တိုင်ထိထွက်ခဲ့ရပြီး

ပထမပိုင်းမှာဖိလစ်ပိုင်ကိုနှစ်ဂိုးအသာနဲ့ဦးဆောင်ထားခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းမြန်မာကပဲတစ်ဖတ်သတ်ဖိကစား

ထားခဲ့ပါတယ်။

ဒုတိယပိုင်း55မိနစ်မှာလွင်မိုးအောင်အဝေးကနေဖိလစ်ပိုင်ဂိုးကါမါရက်ရဲ ့အပေါ်ထေါင့်ကိုလှလှပပကန်သွင်းပြီးတတိယဂိုး

သွင်းခဲ့ပါတယ်။စတုတ္ထမြောက်ဂိုးကိုလည်းအသင်းခေါင်းဆောင်

စိုးမိုးကျော်ကဒေါင့်ကန်ဘောကနေတဆင့်ခေါင်းတိုက်ရယူ

ပေးခဲ့ပြန်ပါတယ်။ငါးဂိုးမြောက်ဂိုးကိုလည်းမြတ်ကောင်း

ခန့်ပဲကာမာရက်ဆီကပြန်ကျလာတဲ့ဘောလုံးကိုအသာအယာ

ပိတ်သွင်းရယူသွားခဲ့ပါတယ်။ခြောက်ဂိုးမြောက်ဂိုးကိုလည်း

ပြစ်ဒဏ်ဘောကနေတဆင့်မြတ်ကောင်းခန့့်ကပဲ

သွင်းယူပေးသွားခဲ့ပါတယ်။

Photo-zaw min htike

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။