အဆိုတော် Justin Bieber နှင့် Selena တို့နှစ်ယောက်ရဲ့ ပုံပြင်ဟာ မပြီးဆုံးသေးပါဘူး။ မကြာခင်က လမ်းခွဲခဲ့တဲ့ Justin ရဲ့ ခဏတာအချစ် Sofia နှင့် ပတ်သက်ပြီး သူတို့နှစ်ယောက် လူမှုကွန်ရက်တွေကနေ စကားများကြပါသေးတယ်။ Jelena ဆိုပြီး ပရိသတ်တွေ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲ Selena ကသာ Justin Bieber လို့ထင်နေတဲ့ Jelena Shippers တွေအတွက် သတင်းကောင်းလာပါပြီနော်။

Sofia နှင့်ပတ်သက်ပြီး သူတို့နှစ်ယောက်စကားများခဲ့ကြသော်လည်း Justin နှင့် Sofia ပြတ်ပြီး သိပ်မကြာတဲ့ အချိန်မှာ ဒီသတင်းတွေထွက်လာတာဖြစ်ပါတယ်။ မကြာခင် က သူမရဲ့ tour တွေ အကုန်ဖြတ်ပြီး ဆေးဖြတ်နေတဲ့ အချိန်မှာ Selena ရဲ့ ကုန်ကျစရိတ်တွေအကုန်လုုံးကို Justin က ပေးခဲ့တယ်ဆိုပြီးသိရပါတယ်။ အဲ့ဒီကတည်းက သူတို့နှစ်ယောက်ဟာ အဆက်အသွယ်မပြတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် ဆက်တိုက်ဆက်သွယ်နေကြတာဘဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်အကြောင်းကိုသိတဲ့ အတွင်းသူတစ်ယောက်ကတော့ Justin က Selena ကို LA ကနေပြောင်းဖို့တောင် အကြံပေးနေတယ်လို့ဆိုပါတယ်။ သူတို့နှစ်ယောက်ကို သူမမိဘတွေက သဘောမတူသော်လည်း Selena ကတော့ သူ့မိသားစုရဲ့ ခွင့်ပြုချက်မလိုဘဲ သူတို့နှစ်ယောက် တိတ်တိတ်လေးလက်ထပ်လို့ရတယ်ဆိုပြီး ပြောထားတာကိုတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ပြန်ကြိုက်တယ်ဆိုရုံနှင့်ပေ ကြည်နူးစရာမဟုတ်ပေဘူးလား။ အရင်တုန်းက ကိစ္စပေါင်းများစွာ သူတို့နှစ်ယောက်ကို တားဆီးခဲ့ပေမယ့်လဲ အချစ်ကပဲ အနိုင်ယူသွားတယ်လို့ပြောလို့ရမလားဘဲ....

Source: Intouchmagazine

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။