မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပြိုင်ပွဲ Round 4 မှာ ဆွမ်ဆီးအသင်းကို မန်ယူအသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ လူငယ်ကစားတွေ ထုတ်သုံးခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းနည်းပြ မော်ရင်ဟိုကတော့ လူငယ်တွေပွဲထုတ်ပြီး အနိုင်ရရှိခဲ့တဲ့အတွက် ကျေနပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မီဆာ၊ ကလူကပ်၊ ရိုဒန်လီဂါ၊ ဂျော်ဒန်အယူး၊ ဆွန်ယောင်ကီ၊ မက်ဘာနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရှယ်၊ ရက်ဖို့စ်၊ လင်ဂတ်၊ ဘလိုင်း၊ ဟာရဲရား၊ ဒါမီယန်၊ တွမ်ဇီဘီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းကတော့ ဆွမ်းဆီးအသင်းအပေါ်အသာမရရှိခဲ့ပေမဲ့ လိုအပ်တဲ့ အနိုင်ရလဒ်ကိုတော့ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းအတွက်အဖွင့်ဂိုးကိုတော့ ၂၁ မိနစ်မှာ လင်ဂတ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာပြီးဆုံးချိန်မှာတော့ မန်ယူအသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၅၉ မိနစ်မှာ လင်ဂတ်ကပဲ မန်ယူအသင်းအတွက် ဒုတိယအနိုင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းကတော့ ဆွမ်ဆီးအသင်းကိုအနိုင်ယူပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။