မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဝုဗ်အသင်းနဲ့ ကစားခဲ့ပြီး ပွဲချိန်ပြီးဆုံးတဲ့ အချိန်မှာ ဂိုးမရှိသရေ ကြခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြမှာတော့ မန်စီးတီးအသင်းက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ ဘာနန်ဒိုဆေးဗာလ်း၊ အဂူရို၊ စတာလင်း၊ ဂန်ဒိုဂမ်၊ ယာယာတိုရေးတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝုဗ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အမ်ဘိုဟာရီ၊ ကော်စတာ၊ မာရှော၊ ရူဘန်၊ ပရင့်၊ ဒိုင်ယာ၊ ဘန်နက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပွဲချိန်ပြည့် ဂိုးမပေးရတဲ့ ဝုဗ်အသင်းရဲ့ ခံစစ်က ချီးကျူးစရာလည်း ဖြစ်ခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာတော့

မန်စီးတီးအသင်း

ဒီဘရူနီ (ဝင်)

ယာယာတိုရေး (ဝင်)

ဆာနေး (ဝင်)

အဂူရို (ဝင်)

ဝုဗ်အသင်း

လီယို (ဝင်)

ဒိုင်ယာ (မဝင်)

ကော်ဒီ (မဝင်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။