မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ အာဆင်နယ်အသင်းနဲ့ နော်ဝှစ်အသင်းတို့ဟာ မိနစ် ၉၀ ပြီးဆုံးတဲ့ အချိန်မှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။အချိန်ပိုဆက်လက် ကန်ရာမှာတော့ အာဆင်နယ်အသင်း က နောက်ထပ်တစ်ဂိုး သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးတဲ့ အချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ EFL Cup ရဲ့ ကွာတားဖိုင်နယ်ကို တတ်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီရော့၊ အီဝိုဘီ၊ ဝဲကော့စ်၊ နေလ်း၊ ဝီရှိုင်းယား၊ ကိုကွယ်လင် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နော်ဝှစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အိုလီဗီယာ၊ မာဖီ၊ မက်ဒီဆန်၊ ဗရန်စစ်၊ ထရန်ဘူး၊ ရိဒ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရပေမဲ့ နော်ဝှစ်အသင်းရဲ့ ဦးဆောင်ဂိုးသွင်းယူမှုကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။နောက်ကျဂိုးသွင်းဂိုးနဲ့သာ အသက်ရှူချောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကို နော်ဝှစ်အသင်းက စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၃၄ မိနစ်မှာ မာဖီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ နော်ဝှစ်အသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ချေပဂိုးကိုတော့ လူစားဝင်ကစားသမား နက်တီယက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အချိန်ပိုဆက်လက်ကစားခဲ့ပြီး အာဆင်နယ်အသင်းအတွက်အနိုင်ဂိုးကိုတော့ နက်တီယက်ကပဲ ၉၆ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။