၁။မြောက်ကိုးရီးယားတွင် juche လို့ခေါ်တဲ့ ကိုယ်ပိုင်ပြက္ခဒိန် ကို ၁၉၉၇ ခုနစ်မှစ၍ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ထိုပြက္ခဒိန်ဟာ နိုင်ငံကိုတည်ထောင်ခဲ့သူ ကင်အီဆွန်း၏မွေးနေ့ဖြစ်တဲ့ ၁၉၁၂ ခုနစ်၊ဧပြီလ ၁၅ရက်နေ့ကို အခြေခံထားပါတယ်။ ၁၉၁၂ခုနစ်ဟာ ခုနစ်(၁) ဖြစ်ပြီး ယခု ၂၀၁၇ဟာဆိုလျှင် ၁၀၅ခုနစ်မြောက်ဖြစ်ပါတယ်။

၂။ ၂၀၁၅ ခု၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်တို့လက်အောက်မှလွတ်မြောက်ခြင်း နှစ် ရ၀ ပြည့်အနေဖြင့် ဖြူံးယန်းဒေသစံတော်ချိန်ကို မိနစ်သုံးဆယ် နောက်ဆုတ်ပြောင်းလဲခဲ့ပါတယ်။ ထိုစံတော်ချိန်ဟာ ဂျပန်လက်အောက်မရောက်ခင်ကိုးရီးယား၏ ဒေသစံတော်ချိန်ဖြစ်ခဲ့ပါတယ်။

၃။မြောက်ကိုးရီးယားတွင် အစိုးရအမှုထမ်းနှင့် စစ်အမှုထမ်းများသာလျှင် ကားပိုင်ဆိုင်ခွင့်ရှိပါတယ်။ထို့ကြောင့်ကားလမ်းများဟာအ

မြဲလိုရှင်းလင်းနေတတ်ပါတယ်။

၄။အကယ်၍မြောက်ကိုးရီးယားပြည်သူတစ်ဦးပြစ်မှုကျူးလွန်ခဲ့လျှင် ထိုသူ၏မိသားစုသုံးဆက်လုံး ပါပြစ်မှုခံစားရပါတယ်။

၅။မြောက်ကိုးရီးယားတွင် ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပပါတယ်။သို့သော်ရွေးချယ်စရာပါတီကတော့ စာရွက်ပေါ်တွင် တစ်ပါတီတည်းသာ ဖော်ပြထားပါတယ်။

၆။မြောက်ကိုးရီးယားပြည်သူတွေဟာ ပြည်တွင်းအတွင်း လွတ်လပ်စွာခရီးသွားခွင့်မရှိပါဘူး။တစ်မြို့မှတစ်မြို့သို့ အာဏာပိုင်အစိုးရခွင့်မပြုဘဲ ခရီးသွားခွင့်မရှိပါ။ ပြည်ပသို့လည်းသာမန်ပြည်သူများထွတ်ခွာခွင့်မရှိပါ။

၇။မြောက်ကိုးရီးယားပြည်သူများ ဂျင်းဘောင်းဘီဝတ်ဆင်လို့မရပါ။

၈။မြောက်ကိုးရီးယားပြည်သူတွေဟာ ဂျူလိုင်လ ၈ရက် နှင့် ဒီဇင်ဘာလ ၁၇ ရက် တွေမှာ မွေးနေ့ကျင်းပခွင့်မရှိပါ။ထိုနေ့တွေဟာခေါင်းဆောင်

ဟောင်း ကင်အီဆွန်း နှင့် ကင်ဂျုံအင်းတို့သေဆုံးခဲ့တဲ့နေ့တွေဖြစ်လို့ပါ။

၉။မြောက်ကိုးရီးယားတွင် ကိုကာကိုလာ ကိုတရားဝင်ရောင်းချ၊ဝယ်ယူခွင့်မရှိပါ။

၁၀။ပြည်သူတွေဟာ အင်တာနက်ကိုလွတ်လပ်စွာအသုံးမပြုနိုင်ပါဘူး။ လူအနည်းစုသာ အင်တာနတ်သုံးနိုင်ပြီး အစိုးရမှခွင့်ပြုထား သော websites တွေသာကြည့်ခွင့်ရှိပါတယ်။

၁၁။ခေါင်းဆောင်ဟောင်းကင်ဂျုံအင်သေဆုံးပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ထောင်ဒဏ် ၆ လအကျခံရပါတယ်။ပြစ်မှုကတော့ ခေါင်းဆောင်သေဆုံးမှုအပေါ်ထိထိရောက်ရောက်ဝမ်းမ

နည်းပြလို့ပါ။

၁၂။မြောက်ကိုးရီးယားမှာ အစိုးရကခွင့်ပြုထားတဲ့ ဆံပင်ပုံ (၂၈)ခုအတိုင်းသာထားခွင့်၊ ညှပ်ခွင့်ရှိပါတယ်။အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေဟာဆံပင်အတိုသာထားခွင့်ရှိပြီး အိမ်ထောင်ရှင်မများအတွတ်တော့ ရွေးချယ်စရာဆံပင်ပုံစံ ပိုများပါတယ်။ယောက်ျားလေးတွေဟာဆံပင်နှစ်လက်မ

ထက်ပိုထားခွင့်မရှိပါဘူး။ 

source - အထွေထွေဗဟုသုတ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။