သြစတြေးလျနဲ့ဖိလစ်ပိုင်တို့ဟာ ဒေသတွင်းမှာ ထကြွပြန့်ပွားလာနေတဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေကိုနှိမ်နင်းရန် အတူလုပ်ဆောင်ဖို့သဘောတူလိုက်ပါတယ်။အောက်တိုဘာ ၂၄ ရက်က သြစတြေးလျအစိုးရက သြစတြေးလျ နိုင်ငံရဲ့ လုံခြုံရေးကို တိုးချဲ့သွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကိုလည်း လုံခြုံရေးအထောက်အပံ့ပေးသွားမယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

သြစတြေးလျအစိုးရက ဆက်လက်ပြီး" ယခုလိုအစ္စလာမ္မစ်စစ်သွေးကြွတွေထကြွပြန့်ပွားလာတာဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သတ်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒါ့ကြောင့် ၎င်းစစ်သွေးကြွတွေကိုနှိမ်နင်းဖို့ အားဖြည့်ထောက်ပံ့တာဖြစ်တယ်" လို့ထပ်မံ ပြောကြားခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး မာရိုက်စ်ပိန်းက အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ " ဖိလစ်ပိုင် နိုင်ငံအတွင်းရဲ့ ဒေသန္တ စစ်စခန်းတွေမှာ သြစတြေးလျနိုင်ငံက သင်တန်ပေးထားတဲ့စစ်သား အယောက် ၈၀ ကို တာဝန်ချသွားမယ်။နောက်ပြီး မြို့ပြအကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲမှာ ဖိလစ်ပိုင်စစ်တက်နဲ့ ကမ်းတက်တပ်ဖွဲ့တွေကို သင်တန်းပေးသွားမယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အစ္စလာမ်မ္မစ်နိုင်ငံ အမည်ခံအိုင်အက်စ် စစ်သွေးကြွတွေဟာ ဒီနှစ်ထဲမှာ ဆီရီးယားနဲ့ အီရတ်မှာရှိတဲ့ သူတို့ရဲ့ မြို့တော်တွေကို ဆုံးရှုံးထားခဲ့တာလည်းဖြစ်ပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။