မြန်မာဆန်ဆန် လှနေတဲ့ ထက်ထက်မိုးဦး
ထက်ထက်မိုးဦးဆိုတာ တိုင်းသိပြည်သိ ကလေးလူကြီးမကျန် သဘောကျ နှစ်သက်တဲ့ မင်းသမီးတစ်လက်ပါ။ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ယခုအချိန်ထိ ပရိသတ်တွေရင်ထဲမှာ ရှိနေတဲဖြစ်တဲ့ ချစ်ရတဲ့ မင်းသမီးတစ်လက်ပါ။ 'ပန်ပန်ပန်' ဆိုတဲ့ ရွှေစင် ရွှေဆိုင်ကြော်ငြာလေးနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ပြီး အနုလောကထဲ တောက်လျှောက်လှမ်းလာတာ အကယ်ဒမီနှစ်ထပ်ကွမ်းမင်းသမီးတစ်ဦးအဖြစ် အောင်မြင်မှုတွေ ရရှိခဲ့သူလည်းဖြစ်ပါတယ်။
သူမအနေနဲ့ အကြောင်းကြောင်းကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့ပြီး အခုဆိုရင်တော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီ။ ချစ်တဲ့ခင်ပွန်းသည် ချစ်ရတဲ့သမီးလေးနဲ့အတူ ဘဝကို အေးချမ်းစွာနေထိုင်နေတာ တွေ့ရပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးရဲ့တောင်းဆိုမှုတွေကြောင့် အခုဆိုရင်တော့ ထက်ထက်တစ်ယောက်အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ MGLM ရဲ့ Regional Director အဖြစ်ဆောင်ရွက်နေပြီး ဓာတ်ပုံကြော်ငြာနှင့် ရုပ်ရှင်ကားကြီးတွေလည်း ပြန်ရိုက်လို့လာပါပြီ။ ချစ်တဲ့သမီးလေးတစ်ယောက်ရှိထားပြီး သူမနှင့်အတူ အနုပညာအလုပ်တွေတွဲလုပ်နေတာလည်း ပရိသတ်ကြီး အသိပဲဖြစ်ပါတယ်။ အသက်ကြီးလာပေမဲ့ ငယ်ငယ်တုန်းကလိုပဲ အခုထိ ချောတုန်းလှတုန်း ထက်ထက်မိုးဦးရဲ့ မြန်မာဆန်ဆန် ပါးကွက်ကျားလေးနဲ့ ပုံလေးတွေကို ပရိသတ်ကြီး ကြည့်ရအောင် တင်ပေးလိုက်တယ်နော်………
Source: Myanmar Celebrity
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။