ဘယ်လောက်တောင်လူမဆန်လိုက်ပါသလဲ ...

လူဖြစ်ပေမယ့် လူစိတ်မရှိတဲ့အခါ တိရစ္ဆာန်သာသာလောက်ပဲရှိတော့တာပါ ။

ခုလည်း ဒီလိုစက်ဆုပ်ရွံရှာဖွယ်ဖြစ်ရပ်မှန်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ် ။

ဖခင်အရင်းက သူ့ရဲ့ သမီးကို အနှစ်နှစ်ဆယ်လုံးလုံး လိင်ကျွန်အဖြစ် ဖမ်းဆီးဆက်ဆံခဲ့တာပါ ။ 

အာဂျင်တီးနားက အသက် ၅၆ နှစ်ရှိတဲ့ Domingo Bulacio ဟာ သူ့ရဲ့ သမီးအရင်းကို ချုပ်နှောင်ထားပြီး ကြိမ်ဖန်များစွာ မုဒိန်းကျင့်ခဲ့ပါတယ် ။

သူ့သမီးဟာ သူနဲ့ ကလေး ရှစ်ယောက်ထိတောင် ရခဲ့ပါတယ် ။ ထိုဖြစ်ရပ်ဟာ သူတို့ရဲ့ နောက်ဆုံးမွေးတဲ့ သားငယ်လေးကို

ဆေးခန်းသွားပြရင်းနဲ့မှ ပေါ်ပေါက်သွားတာပါ ။ ကလေးနဲ့ ဆေးခန်းပါသွားတဲ့ ထိုအမျိုးသမီးငယ်ကို ဆရာဝန်က ကလေးဖခင်အကြောင်း မေးမြန်းတဲ့အခါ

အမျိုးသမီးက သူ့အဖြစ်ကို အမှန်အတိုင်းပြောပြခဲ့ရာက Domingo Bulacio ကို ရဲတွေကလိုက်လံဖမ်းဆီးခဲ့ကြတာပါ ။ 

ထွက်ပြေးခဲ့ပေမယ့် သူနေထိုင်ရာမြို့နဲ့

မိုင် ၃၀ ခန့်ဝေးတဲ့နေရာမှာ ဖမ်းမိခဲ့ပါတယ် ။ စစ်ဆေးပြီးနောက် အပြစ်ထင်ရှားတဲ့အတွက်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ် ။ သားကောင်ဖြစ်ခဲ့တဲ့ မိန်းကလေးရဲ့ အမေဟာလည်း Bulacio ရဲ့ နှိပ်စက်ညင်းပန်းမှုကို မခံနိုင်တော့တဲ့အဆုံးမှာ သမီးကို ဖခင်ဖြစ်သူနဲ့ ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တာလို့ သိရှိရပါတယ် ။ 

သတင်းအရင်းမြစ် metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။