မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ EFL Cup ရဲ့ ကွာတားဖိုင်နယ်ကို တတ်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းကတော့ ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ကာ နောက်ထပ်ရှုံးပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့ပြီး EFL Cup ကနေ ထွက်ခဲ့ရပြီလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဝီလီယံ၊ ဘက်ရှူအာရီ၊ မူဆွန်ဒါ၊ ဇာပါကော်စတာ ၊ ဒရင့်ဝါးတား၊ အမ်ပါဒူ၊ ကင်နေဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရွန်နီ၊ မီရားလက်၊ အာရွန်လန်နွန်၊ တွန်ဒေးဗစ်၊ မက်ကာသီ၊ ဘက်နင်ဂျီမီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဒဏ်ရာကနေသက်သာလာတဲ့ ဒရင့်ဝါးတာ အပြင် လူငယ်ကစားသမားတွေကို ပွဲထုတ်လာခဲ့ပေမဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၂၀ မှာ ရူဒီဂါ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအတွက် ဒုတိယဂိုးတော့ မိနစ် ၉၀ မှာ ဝီလီယံက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကိုတော့ မိနစ် ၉၀ မှာပဲ လီဝန် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။