မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ အေစီမီလန်အသင်းက ချီယေဗိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ရလဒ်တွေဆိုးဝါးနေတာဖြစ်ပြီး နိုင်ပွဲပြန်လည်းရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ပွဲစဉ် ၁၀ ပွဲ ကစားထားပြီး အချိန်မှာတော့ ရမှတ် ၁၆ မှတ် နဲ့ အဆင့် ၈ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ချီယေဗိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပက်ချီယာရယ်လီ၊ ပက်လစ်စီယာ၊ ဘီရာဆာ၊ ရာဒိုဗာနိုဗစ်၊ ကတ်စထရို၊ ဟီတီမက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကလီနစ်၊ ကေဟမ်နိုဂလူး၊ ဆူဆို၊ ဘိုရီနီ၊ ဘီဂလီယာ၊ ကာလာဘရီယာ၊ ကတ်စီရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ဂိုးကန်သွင်းချက် ၁၈ ကြိမ်မှာ ၄ ဂိုး ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၃၆ မိနစ်မှာ ဆူဆို က အေစီအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဆီဆာ က ၄၂ မိနစ် မှာ ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် အေစီ ဒုတိယဂိုး ရရှိခဲ့ပါတယ်။၅၅ မိနစ်မှာတော့ ကေဟမ်နိုဂလူး က အေစီအသင်းအတွက် တတိယဂိုးသွင်းယူပေးခဲ့ပါတယ်။၆၄ မိနစ်မှာ ကလီနစ် က အေစီမီလန်အတွက် နောက်ဆုံးဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ချီယေဗိုအသင်းအတွက် တစ်လုံးတည်းသောနှစ်သိမ့်ဂိုးကိုတော့ ဘီရာဆာ က သွင်းယူပေးခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။