မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ နာပိုလီအသင်းဟာ အဝေးကွင်းမှာ ဂျီနိုအာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်း ခဏတာဦးဆောင်ထားတဲ့ အဆင့် ၁ နေရာကို ပြန်လည်ရယူခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ပွဲစဉ် ၁၀ ပွဲ ကစားထားပြီးချိန်မှာတော့ ရှုံးပွဲမရှိသေးပဲ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ 

ဂျီနိုအာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါလာဘီနော့၊ ရီဂိုနီ၊ တာရက်ဘ်၊ လာဇော့၊ လာဇိုဗစ်၊ ဗီလိုဆို၊ ဘာတိုလက်ချီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒရိုင်းမာတင်၊ အစ်ဇဂနီ၊ ကယ်လီဂျွန်၊ ဒိုင်ဝါရာ၊ ဟမ်ဆစ်၊ ဇီယန်လင်စကီး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားခဲ့ပြီး ဂိုးကန်သွင်းချက်များစွာ ခြိမ်းခြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကို တော့ ဂျီနိုအာအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ တာရက်ဘ် က ၄ မိနစ်မှာပဲသွင်းယူခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းအတွက် ချေပဂိုး နဲ့ အနိုင်ဂိုးကို ဒရိုင်းမာတင်က (၁၄မိနစ် နဲ့ မိနစ် ၃၀) တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မိနစ် ၆၀ မှာ ဇူကာနိုဗစ် ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာကြောင့် နာပိုလီအသင်း တတိယဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျီနိုအာအသင်းအတွက် ဒုတိယမြောက်ဂိုးကိုတော့ အစ်ဇို က ၇၆မိနစ် မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ နာပိုလီအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။